သူ

Words
107
Reading
1 min
Listen
Play
8y


သူ့ကို ကျွန်တော်မြတ်နိုးလှပါတယ်။သူက ညိုချောလေးဗျ။သူ့ရဲ့အထိတွေ့က ချောမွှေ့လှတယ်ဗျာ။သူ့ကို ကျွန်တော်မြတ်နိုးရတဲ့အဓိက အကြောင်းကတော့ သူက ကျွန်တော်သွားလေရာ ခေါ်ဆောင်ရာကို မငြီးမငြူလိုက်တယ်လေ။ကျွန်တော်က ဟိုတယ်သွားချင်တယ်ဆိုရင်တောင် သူက မငြင်းပယ်ဘဲ ခေါ်ဆောင်ရာကို လိုက်တက်သေးတယ်။ပြီးတော့ အကြမ်းလဲခံတယ်လေ။အဲ့လောက် ကျွန်တော့အလိုကို လိုက်တဲ့သူကို ကျွန်တော်မြတ်နိုးမိတာ မဆန်းပါဘူးလေ။

အချို့နေရာတွေတော့ ကျွန်တော်သူ့ကို ခေါ်မသွားချင်ဘူးလေ။ကျွန်တော်ဘာသာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားချင်တာပေါ့။ပြီးတော့ သူပါနေရင်လည်း မသင့်တော်ဘူးလေ။ကျွန်တော်သူ့ကို မခေါ်ချင်လို့ နေခဲ့ဆိုလည်း ထားခဲ့တဲ့နေရာမှာ ကျွန်တော့်ကို စောင့်နေတက်ပါတယ်။သူလေ ကျွန်တော်ဆိုးသမျှလည်း သည်းခံရှာတယ်။တခါတလေး ကျွန်တော် စိတ်ဆိုးလို့ ကန်ထုတ်လိုက်ရင်လည်း ကျွန်တော့ကို သူစိတ်ပြန်မဆိုးရှာဘူး။မျက်နှာငယ်လေးနဲ့ ကျွန်တော်ပြန်အခေါ်ပဲ စောင့်နေတက်ပါတယ်။

ကျွန်တော်က သူ့အပေါ်မှာ တော်တော်ဆိုးခဲ့တယ်ဗျ။ဒီလောက် ထားရာနေ စေရာသွား ခေါ်ရာလိုက်နေတဲ့ သူ့ကို တခါတလေ ကျွန်တော်က ပစ်ထားတက်ပါသေးတယ်။လူ့စိတ်ဆိုတာလည်း ခက်သားဗျ။ဟီး…တခါတလေ အသစ်ဆန်းလေးနဲ့တွေ့ရင် အသစ်ဆန်းလေးတွေကို ကျွန်တော်က တွဲချင်သေးတယ်။

အသစ်လေးနဲ့ အဆင်ပြေသွားရင်တော့ သူ့ကို ကျွန်တော် မေ့နေတက်ပါတယ်။သူကတော့ စိတ်မဆိုးရှာပါဘူး။ကျွန်တော့်ကို နားလည်ပေးတယ်လေ။ပြီးတော့ ကျွန်တော်သူ့ထံပြန်အလာကို သည်းခံပြီး စောင့်နေတက်ပါတယ်။

လူဆိုတဲ့အမျိုးကလည်း အသစ်တွေ့ရင် အဟောင်းကို မေ့နေတက်တယ်မို့လား။ဒီနေ့တော့ဗျာ သူ့နဲ့ကျွန်တော် အပြီးပိုင်ခွဲဖို့ ကျွန်တော်ဘက်က တဖက်သက်ဆုံးဖြတ်လိုက်တယ်။သူကတော့ မျက်နှာမကောင်းရုံကလွဲပြီး ဘာမှပြန်မပြောရှာဘူး။

ကျွန်တော်လေ သူနဲ့လမ်းခွဲပြီးတဲ့နောက်မှ အသစ်လေးနဲ့ နှစ်ပါးသွားနေတာပါ့။သူကဘယ်လိုနေမလဲ ဘယ်လိုခံစားရမလဲဆိုတာ ကျွန်တော့ အတွေးထဲမှာ မရှိတော့ပါဘူး။ကျွန်တော့်အာရုံက အသစ်လေးထံမှာပဲ ဝဲနေတယ်လေ။အသစ်လေးကတော့ သူလိုပဲ နူးညံ့ပြီး အကြမ်းခံတဲ့ သရေစိမ်းအညိုရောင်ဖိနပ်လေးတစ်ရံပဲ ဖြစ်ပါတော့တယ်ဗျာ 😁😁😁


MSC မိသားစုဝင်များ ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာကြပါစေ။

MSC-224

myintlwinsoe@myintlwinsoe

သူ | Ecency