မောင်စိုးသည် TV/video ကြည့် အလွန်ဝါသနာပါသူတစ်ယောက်ဖြစ်လေသည်။TV/video ကြည့်ရမည်ဆိုပါက ထမင်းမေ့ ဟင်းမေ့ထိ ကြည့်သူတစ်ယောက်ဖြစ်လေသည်။
ယနေ့ခေတ်လို ဖွင့်ဖြိုးတိုးတက်မှုမရှိသေးချိန်က မောင်းစိုးတို့ရွာလေးတွင် TV /Video အဝကြည့်နိုင်ဖို့ ဆိုသည်မှာ အလှု မင်္ဂလာဆောင်တို့ရှိမှသာ ကြည့်ခွင့်ရလေသည်။
ထို့ကြောင့် အလှု မင်္ဂလာဆောင်ရှိ၍ video ပြလျှင် ညနက်ထိ မကြည့်ရန် မောင်းစိုးအား မောင်စိုးအဖေမှ အမြဲမှာရလေသည်။ယ္ခုလည်း ရွာထဲတွင် ကိုသာလှတို့ အလှုရှိလေသည်။အလှုတွင် video ပြမည်ဆိုသောကြောင့် မောင်းစိုးတစ်ယောက် video ပြမည့် လယ်ကွင်းထဲတွင် ခုံချကာ နေရာသွားဦးထားလိုက်လေသည်။
video ပြသောကွင်းသည် လူသွားလူလာများသောလမ်းနဘေးတွင် ရှိလေသည်။မောင်စိုးသည် နေရာဦးပြီးနောက်တွင် ဖခင်ထံသွားကာ video မိုးလင်းကြည့်ခွင့်ပေးရန် ပူဆာလေသည်။
မောင်စိုးဖခင်လည်း နားပူဒဏ် ကြာကြာ မခံနိုင်၍ မောင်စိုး ဆန္ဒအား ခွင့်ပြုလိုက်လေသည်။ဤသို့ဖြင့် ညနေစောင်းသောအခါ မောင်စိုးသည် စားသောက်ပြီး စောင်နှင့် ခေါင်းအုံးယူကာ video ပြသည့်ကွင်းသို့ ထွက်လာခဲ့လေသည်။
ညနေစောင်းသည်နှင့် voideo ဆရာသည် ဇာတ်ကားများစတင်ပြသလေသည်။အစပိုင်းတွင် မိန်းကလေးများရှိနေသောကြောင့် မြန်မာဇာတ်ကားများကိုပြသလေသည်။နောက်ပိုင်းညနက်လာ၍ မိန်းကလေးများပြန်သောအခါ videoဆရာသည် နိုင်ငံခြားကားများကို ပြသလေသည်။
ဤသိုဖြင့်ပြလာရာ ည(၁၂)ခန့်ရောက်သောအခါ ကြည့်ရှု့သူ တော်တော်နဲပါးသွားသည်။မောင်စိုးမှာတော့ ည၏အအေးဒဏ်ကို စောင်၏ အကာကွယ်ယူကာ ဆက်လက်ကြည့်နေလေသည်။ည(၂)နာရီခန့်ရှိသောအခါ video ကြည့်ရှုသူမှာ မောင်စိုးတစ်ယောက်သာ ကျန်တော့သည်။videoဆရာသည် မောင်စိုးတစ်ယောက်တည်း ကျန်သောအခါ ပိတ်တော့ရတော့မည်လော ကြည့်ဦးမည်လောဟု မေးသောအခါ မောင်စိုးက ဆက်လက်ကြည့်မည့်အကြောင်းပြောသည်။
ဤသို့ဖြစ် နံနက်(၄)နာရီခန့်ရောက်သောအခါ videoဆရာမှ သူအိပ်ချင်ပြီဖြစ်ကြောင်း ပြောပြသည်။videoကြည့်ဝါသနာပါလှသော မောင်စိုးမှ"ခင်ဗျား အိပ်ချင်အိပ်လေ ကျုပ်ကို ဇာတ်ကားသာ ထည့်ပေးခဲ့ ကျုပ်ကြည့်အုံးမှာ"ဟုပြော၍ videoဆရာသည် ဇာတ်ကား ထိုးပြကာ အိပ်လိုက်တော့သည်။
မောင်စိုးသည် အေးအေးဖြင့်စောင်ခြုံပြီး videoကြည့်နေရာ တဖြည်းဖြည်း အိပ်ငိုက်လာပြီး ဇာတ်ကားမဆုံးခင် အိပ်ပျော်သွားတော့သည်။မောင်စိုး အိပ်မက်ထဲတွင် ကောင်မလေးနှင့် တွေ့နေ၏။ဆောင်းလေအေး၏ တ်ုက်ခတ်မှုကြောင့် သမီးရည်းစားနှစ်ယောက် ဖက်ထားရသည်မှာနွေးလှသည်။တဖြေးဖြေး နွေးရာမှ ပူလာသည်။ပူတာမှ တော်တော်ပူလာသည်။ထို့ကြောင့် မောင်စိုး တစ်ယောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ ပူပြင်းသောနေရောင်မှာ မောင်စိုးအား မညှာမတာ ကျရောက်နေသည့်အပြင် စောင်ပါခြုံထား၍ ပို၍ပူလောင်နေတော့သည်။
မောင်စိုးရုတ်တရက်ကြောင်သွားသည်။သေခြာစဉ်းစားကြည့်မှ ညက video ကြည့်ရင်း အိပ်ပျော်သွားသည်ကို အမှတ်ရမိသည်။မောင်စိုး ဘေးဘီ ဝေ့ကြည့်လိုက်ရာတွင် ညကပြသထားသော video စက်လည်းမရှိတော့။ခုံတွေလည်း မရှိတော့။သူတစ်ယောက်တည်းသာ ကွင်ပြင်တွင် စောင်ခြုံနေသည်ကို တွေ့ရသည်။မောင်စိုး လွန်စွာရှက်သွားသည်။စောင်လေး ခေါင်းမှီးခြုံကာ အိမ်သို့ ခပ်ကုတ်ကုတ်ပြန်ခဲ့တော့သည်။မောင်စိုး အိမ်အရောက်တွင် ဖခင်ဖြစ်သူအား
"အဖေကလည်း သားကို လာမနှိုးဘူး…ရှက်လိုက်တာ"
"ဘာလို့လာနှိုးရမှာလည်းဟ…ကိုယ့်သားအကြောင်း ကိုသိလို့ ညနက်ထိ မကြည့်ပါနဲ့ဆိုတာ မင်းမှနားမထောင်တာ…"
မောင်စိုးသည် ကိုယ်အပြစ်နှင့်ကိုမို့ ဘာမှပြန်မပြောတော့ပဲ ခပ်ကုတ်ကုတ်နေလိုက်တော့သည်။
မောင်စိုးသည် ထိုကိစ္စဖြစ်ပြီးတည်းက အိမ်ထဲမှ အိမ်ပြင်သို့ တစ်လလောက် မထွက်ပဲ အိမ်တွင်းအောင်းနေလေတော့သည်။
MSC-224