အပိုင်း 1ဖတ်ရန်
အပိုင်း 2ဖတ်ရန်
ကျွန်တော် ကန်လိုက်သောကြောင့် ခွေးမကြီး ခါးရိုးကျိုးသွားခဲ့လေသည်။ကျွန်တော်လုပ်မိသောအမှုကြောင့် သူ့ခမျာ အစာလည်းထွက်မရှာနိုင်တော့။သို့သော် သူမ၏ သားသမီးများကိုတော့ နို့တိုက်သေးသည်။ကျွန်တော် သနားအဖြင့် အစာနှင့် ရေသွားကျွေးသော်လည်း သူ့ကလေးများ စားသောက်ကြသည်။
credit oroginal photo google
တချိန်က သားသမီးဇောဖြင့် ရန်ရှာခဲ့သော ခွေးမကြီးသည် ယခုအခါ ကျွန်တော့ကို သူ့သားသမီးများကို စောင့်ရှောက်ရန် ကျွေးမွေးရန် အသနားခံသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ကျွန်တော် ခွေမကြီး၏မျက်လုံးများကို ကြာကြာမကြည့်နိုင်"ငါ့ကြောင့် သူခမျာ အောက်ပိုင်းမလှုပ်နိုင်တော့ဘူး မသွားလာနိုင်တော့ဘူး အစာမစားနိုင်တော့ဘူး ငါတော့ ဝဋ်လိုက်တော့မှာပဲ"ဟူသော အတွေများဝင်လာသည်။
နောက်ရက်များတွင်လည်း ကျွန်တော် အစာနှင့်ရေကို သွား၍ ကျွေးမွေးသော်လည်း သူကတော့မစားနိုင်၍ထင် အစာမစားတော့ပေ။သူ့ကလေးများသာ စားသောက်ကြသည်။ တစ်ပတ်လောက်အကြာတွင် ခွေးမကြီးသေသွားသည်။ခွေးမကြီးသေသွားသောနေ့တွင် ခွေးကလေးများမှာ သူတို့အမေကိုမတွေ့၍"တအီ အီ"အော်နေသည်ကို ကြည့်ပြီး ကျွန်တော်မျက်ရည်ဝဲမိသည်အထိ စိတ်ထိခိုက်ခဲ့ရသည်။တစ်လလောက်အကြာတွင် ကျွန်တော့်အုံးနှောက်ထဲတွင် ထိုအကြောင်းအရာကိုမေ့သွားသည်။
credit original photo google
အချိန်ကာလတို့သည် နွေမှမိုးသို့ရောက်ခဲ့လေပြီ။ကျွန်တော့ ကျောင်းဝင်းအတွင်းတွင် မိုးရာသီ၏ ပုံရိပ်ဖြစ်သော ရွှံ့ဗွက်များထနေသည်။ရေတွင်း ရေကန်များတွင်လည်း ရေညှိများတက်နေကျသည်။မိုးသည်းထန်စွာရွာနေသောတစ်ညတွင် ကျွန်တော်ဗိုက်နာလာ၍ အိမ်သာသွားရန်ထလိုက်သည်။ကျွန်တော်အထတွင် မီးကလဲ"ဖျက်ခနဲ"ပျက်သွားသည်။ကျွန်တော် ဓါတ်မီးကလေးကို လက်ဖြင့်စမ်းပြီးရှာလိုက်သည်။ဓါတ်မီးတော့ တွေ့ပါ၏ သို့သော် မီးအားက နည်းနေသည်။
ကျွန်တော် မှိန်ပြပြဓါတ်မီးကလေးအားပြုကာ အိမ်သာသို့အသွား ကျောင်းအပြင် မြေလမ်းအရောက်တွင် ခြေထောက်မှ လျှောခနဲဖြစ်သွားသည်။ ကျွန်တော် ခန္တာကိုယ်ကို ဟန်ချက်မထိန်းနိုင်ပဲ"ဖိုင်းကနဲ့"အသံနှင့်အတူ ဖင်ထိုင်ရက်လဲသွားသည်။ကျွန်တော် မထနိုင်တော့ပေ။ထိုအချိန် ကျွန်တော့ခေါင်းထဲတွင် လျှပ်စီးလက်သကဲ့သို့"ဖျက်ခနဲ့"ခွေးအမေကြီးပေါ်လာသည်။တဆက်တည်း ကျွန်တော် ဝဋ်လည်ပြီဆိုတာ သိလိုက်မိသည်။ကျွန်တော့်ခန္ဓာအောက်ပိုင်း တစ်ခုလုံးနာကျင်နေသည်။
ကျွန်တော် ကိုရင်လေးတွေကိုလှမ်းအော် နိုးလိုက်သည်။ ကိုရင်လေးများအပြေးအလွှားရောက်လာကျသည်။ကျွန်တော်ကို ကိုရင်လေးများမနိုင်တနိုင်ဖြင့် လှမ်းတွဲကာ ကျောင်းပေါသို့ခေါသွားကျသည်။ထိုည ကျွန်တော်တစ်ညလုံးမအိပ်နိုင်ခဲ့ ကျွန်တော့်ပေါင်ထိပ်ရိုးမှ အသားကုန်ကိုက်နေသည်။မျက်လုံးထဲတွင် ခွေးအမေကြီးကိုလဲ ခဏခဏ မြင်ယောင်နေမိသည်။
မနက်ရောက်သောအခါ ကျွန်တော် ဒါယိကာ ဒါယိကာမများ ရောက်လာပြီး ကျွန်တော့ကိုဆေးခန်းပြရန် ခေါ်သွားလေသည်။ဆရာဝန်က အနည်းငယ်စမ်းသက်ပြီး အရိုးကျိုးတာ ဖြစ်နိုင်ကြောင်းပြောကာ ဆေးရုံကြီးကိုလွှဲလိုက်သည်။ဆေးရုံရောက်သောအခါ ဓါတ်မှန်ရိုက်သည်။ကျွန်တော့အတွက် ဓါတ်မှန်မှ ပေးလာသောအဖြေမှာ ပေါင်ထိပ်ရိုးပြုတ်သွားခြင်းဖြစ်သည်။ဆရာဝန်များက ခွဲခန်းဝင်ရမည်ဖြစ်ကြောင်းပြောဆိုကာ ခွဲခန်းထဲသို့ခေါ်သွားလေသည်။
credit original photo google
ကျွန်တော့အတွက် ပထမဦးဆုံး ခွဲခန်းထဲဝင်ရခြင်းဖြစ်သဖြင့် ကြောက်မိသည်။ ကျွန်တော် ဘုရားစာရွတ် တရားကလေးမှတ်နေမိသည်။ ဆရာဝန်က မေ့ဆေး ထိုးပေးသည်။ကျွန်တော် ဆိုနေသောဘုရားစာကြောင့်လား ကြောက်စိတ်ကြောင့်လားမသိ မေ့ဆေးက တော်တော်နှင့်အစွမ်းမပြ။ ခွဲစိတ်ဆရာဝန်ကြီးမှ"အရှင်ဘုရား စိတ်လေးကိုလျှော့ပြီး ဆိုနေတဲ့ဘုရားစာလေးရပ်ပေးပါဘုရား"ဟုလျှောက်မှ ကျွန်တော်ရွတ်နေသော ဘုရားစာအား အဆုံးသတ်ပြီး စိတ်ကိုလျှော့ချလိုက်သည်။ထို့နောက် ဘာတွေဆက်ဖြစ်သည်ကို ကျွန်တော် လုံးဝဘာမှမသိတော့။
ဆက်ရန်
MSC-224
@myintlwinsoe