Holograph(poem) မှာတမ်း

Words
109
Reading
1 min
9y
Listen to this post
~1 min

Holograph (Poem )
မှာတမ်း
image
ဖြတ်သန်းလာတဲ့ ဘဝတစ်လျောက်မှာ ကျင်လည်ရာ ကျက်စားရင်း ဖြူ စင်ပါတယ်ဆိုတဲ့လူတွေ
ရိုးသားပါတယ်ဆိုတဲ့ လူတွေအကြောင်း
ကဗျာတစ်ပုဒ် ရေးထုတ်ထားတယ်
ကိုယ့်ရှေ့မှာ မြင်တွေ့ရတဲ့အခါ သက်ပြင်းကို အခါခါချရင်း
လောကကို ညည်းတွားရင်းနဲ့ ရွတ်ဆိုမိတဲ့ ကဗျာလေး ………

အို…… အသင်လောက

ဝိသမ္မာ လောဘစိတ်များ
ဖုံးလွှမ်းနေတာ မြင်ပါလျှက်
တားဆီးဖော်ထုတ် မလုပ်နိုင်ခဲ့တာ
သင့်ကို ကျွန်ုပ် အားနာပါ၏ ……။

အို ……အမှန်တရား
image
မောဟတွေ ဖုံးလွှမ်းနေတာ
တွေ့ပါလျှက်
တားဆီးဖော်ထုတ် မလုပ်နိုင်ခဲ့တာ
သင့်ကို ကျွန်ုပ် အားနာပါ၏ ……။

အို ……သစ္စာတရား
image
အတ္တတွေ ဖုံးလွှမ်းလို့ 
အများညီ 'ဤ'ကို 'ကျွဲ'ဖတ်နေတာ
ကြားပါလျှက်
တားဆီးဖော်ထုတ်မလုပ်နိုင်ခဲ့တာ
သင့်ကို ကျွန်ုပ် အားနာပါ၏ ……။

အို …… မေတ္တာတရား
image
သင့်အရေကိုခြုံ
ဟန်ဆောင် မျက်နှာဖုံးတွေနဲ
့လှောင်ပြုံးတွေကို တွေ့ပါလျှက်
တားဆီးဖော်ထုတ် မလုပ်နိုင်ခဲ့တာ
သင့်ကို ကျွန်ုပ် အားနာပါ၏ ……။

အို ……ဘုရားသခင်
image
သင်ဘယ်လိုပင် ဆုံးမသော်လည်း
သိုးရေခြုံသော ဝံပုလွေများကြောင့်
သင့် စေတနာ အလကားဖြစ်သွားခြင်းအား
ကျွန်ုပ် သင့်ကို အားနာပါ၏ ……။

အို …… လူသား
image
ရုတ်တရက် နှုတ်မဆက် ပဲ
ကျွန်ုပ် ထွက်ခွာသွားခဲ့လျှင်
ကမ္ဘ္ဘာမြေ အကျိုး
မသယ်ပိုးနိုင်ခဲ့တာ
အားနာခဲ့ကြောင်း ပြောပေးပါ ……။

myintaungnaing@myintaungnaing
Write By MyintAungNaing

Photo by Google

Holograph(poem) မှာတမ်း | Ecency