ဒီနေ့ မနက် စောစော ဈေးသွားဝယ် တော့ ဈေး တစ်ခု လုံး ပိတောက်ပန်း တွေ နဲ့ ပိတောက်နံ တွေ သင်းနေ ရောပဲ။ ပိတောက်ဆိုတာ တစ်နှစ် မှာ တစ်ခါတာပွင့်ပြီူ တစ်ရက်ပဲ ခံတဲ့ ပန်းအမျိုးစား ဖြစ်ပါတယ်။ ဈေးလာ ဝယ် တဲ့ အဒေါ်ကြီး တွေ ခေါင်း မှာ လည်း ပိတောက်ပန်း၊ ဈေးရောင်းသူရဲ့ ခေါင်းမှာ လည်း ပိတောက်ပန်း၊ ဆိုက်ကား ဆရာ ကြီး တွေ ရဲ့ ဆိုက်ကား မှာ လည်း ပိတောက်ပန်း တွေ နဲ့ ပါ။ တချို့ ဆို ဘုရား ပန်း တင်မလို့ ပိတောက် ပန်း တွေ ဝယ် ကြပါတယ်။ တချို့ လူတွေ က ကိုယ်ချစ် တဲ့ သူတွေ ကို ပိတောက်ပန်း ပေး မလို့ လာဝယ် ကြပါတယ်။ ပိတောက်ဆို တာ မြန်မာ လူမျိူ တိုင်း ကြိုက်ကျ တဲ့ ပန်းပါ။ ပိတောက်ဟာ တစ်ချိန် တည်းပွင့်ကြတယ်။ ပွင့်တယ်ဆို ပြီး ခဲ့တဲ့ ရက်ပိုင်း က မိုးရွာ လို့ပါ။