တွေးမိသမျှ

Words
95
Reading
1 min
8y
Listen to this post
~1 min

မောတော့ မောနေပြီ
ဒါပေမဲ့ စနစ်မကျတော့ ပိုမောရတယ်
တခါတလေ တွေးတယ်
ပီးရင် ဘာမှ ဟုတ်တာတွေ မဟုတ်တဲ့ အရာရာ အတွက်
အချိန်တွေ ပေးရတယ်
ရလာဒ်ကလည်း ထူးမခြားနားပဲ
တဝမ်းဝ ရုံ အရှက်လုံရုံအပြင် ဘာမှ ပို မထူးကြဘူး။

ပိုင်ဆိုင်မူ အနဲ အများ ပေါ်မူတည်ပီး
သောက အရှိန်က အနိမ့်အမြင့်ကွာတယ်။
ရှေးလူကြီးတွေ ပြောသလို "ရှိပူရသေး ကုန်မှအေး"ဆိုတဲ့ စကားကို
သေချာ တွေးကြည့်ရင် ဟုတ်တော့ဟုတ်သား
ရှိလိုလည်း ပူရတာပဲ မရှိတော့လည်း ပူရတာပဲ။
လောက မှ အရင်းနှီးဆုံးနဲ့ အနားမှာ အမြဲရှိနေတာ ဒုက္ခသစ္စာပဲ။

မြတ်စွာဘုရားသခင်ကိုယ်တော်တိုင် စကြဝတေးမင်း ဖြစ်မှာကိုတောင် စွန့်ခွာတောထွက်ခဲ့သေးတာ ငါတို့ က ဘာတွေ များမို့လည်း လို့ တွေးမိတယ်။
စွဲလန်းမက်မောစရာ ဘာမှကို ရှာမတွေ့တဲ့ ဘဝတွေမှာ ဘာကိုများ ဖက်တွယ်နေမိကြပါလိမ့်

ဇာတိ ဇရာ ဗျာဓိ မရဏ ကို အစဉ်လိုက်သေသေချာချာတွေးမိရင်
အသက်ရူကြပ်ပြီး ထိတ်လန့်မိတယ်။
ဒါကိုပဲ ဘယာနကရသလို့ ခေါ်လေမလား ဒါမှမဟုတ်
ဘင်္ဂဂဥာဏ် လို့ သတ်မှတ်မလား
အနှစ်မရှိတာကို တဖြည်းဖြည်း တွေးမိပေမဲ့
သမုဒယတွေကြောင့် နစ်မြဲနစ်နေတဲ့ ဘဝတွေ အရှုံးတွေချည်းပါပဲ။

သံသရာမှာ အကြိမ်ကြိမ်ဆုံးရှုံးနစ်နစ်ခဲ့ကြဖူးပြီ။
ရှေ့ဆက် မဆုံးရှုံးစေဖို့ အသိသတိကပ်ပီး နေမှသာ တော်ကာကြမယ့် ဘဝတွေထဲမှာ စိတ်အေးချမ်းငြိမ်သက်ချင်ပါပြီ။

တွေးမိသမျှ | Ecency