ကျွန်​​တော်​နှင့်​တက္ကသိုလ်

Words
143
Reading
1 min
Listen
Play
9y

FB_IMG_1517666488094.jpg
တက္ကသိုလ်အကြောင်းကတော့ တက်ဖူးသူတော်တော်များများ ပြောပြလို့ အနည်းနဲ့အများ ကြားဖူးနားဝတော့ ရှိတယ်။ ကိုယ်တိုင်ကတခါမှ တက္ကသိုလ်ထဲမရောက်ဖူးဘူး။ အလုပ်ကအစ်မတစ်ယောက် သူတက္ကသိုလ်စတတ်တဲ့နေ့ အတွေ့ကြုံလေးတစ်ခုပြောပြတယ်။

သူအရင်ကထင်ခဲ့တာ တက္ကသိုလ်ဆိုတာလဲ အထက်တန်းကျောင်းတွေလို သူ့အချိန်နဲ့သူကျောင်းတက်နေရတာပေါ့လို့ ထင်ခဲ့တာ။ သူတက္ကသိုလ်ထဲစခြေလှမ်းချလိုက်တာနဲ့ ဟင်ကျောင်းသားတွေ အများကြီးပါလားအပြင်မှာ ငါကြားဖူးတာ အတန်းတွေက 9:00ဆိုစနေပါပြီ။ ခုပဲ10:00 ထိုးတော့မယ် ဘယ်လို့ဖြစ်လို့ အပြင်မှာ ကျောင်းသားတွေ များနေတာလဲ အဲ့တော့ ဘေးနားက သူ့သူငယ်ချင်းကထပြောတယ်။
FB_IMG_1517666363921.jpg
တက္ကသိုလ်ဆိုတာ လွတ်လပ်ခြင်းရဲ့ သင်္ကေတပဲ အရမ်းလွတ်လပ်တယ် ချုပ်ချယ်တာ မရှိဘူး အတန်းလည်း ကိုယ်တက်ချင်ရင်တက် မတက်ချင်လို့ အပြင်မှာ ထွက်ထိုင်နေလဲ ဘယ်သူမှ ဘာမှမပြောဘူး။ ကိုယ်ချင်တဲ့ အတန်းချိန်တက် မတက်ချင်တဲ့ အတန်းချိန်မတက်လည်း ရတယ်။ဆရာ/ဆရာမတွေကလဲ ကျောင်းသားတွေ အများကြီးဆိုတော့ လိုက်မပြောနိုင်ဘူးလေ အိမ်ကမိဘတွေကလဲ မသိဘူး အဲ့တော့ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်ဖို့သာ အဓိကကျတယ်။

ပညာတွေလဲစုံတယ် ကောင်းတဲ့ပညာတွေလည်း ရှိသလို မကောင်းတဲ့ပညာတွေလည်း အများကြီးရှိတယ် ကိုယ်ယူတတ်ဖို့တော့ လိုတာပေါ့ တက္ကသိုလ်ကနေ ကောင်းတဲ့ပညာတက်သွားတဲ့သူတွေ အများကြီးရှိသလို တက္ကသိုလ်ရောက်မှ ပျက်စီးသွားတဲ့ သူတွေလည်းမရေတွတ်နိုင်အောင်များတယ်။ အဲ့ဒါကြောင့် နင်တို့ငါတို့ကျောင်းသားတွေကို အငယ်ငယ်ကဘယ်လောက် မိဘဆရာသမားတွေစကားကို နားထောင်ခဲ့သလဲ?အဆိုးအကောင်းကို ခွဲခြားနိုင်တဲ့ အထက်တန်းကျောင်းသားကျောင်းသူတွေ ဖြစ်ပြီးလား? ပညာဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို သေချာနားလည်ပြီးလား? အစရှိတဲ့ ပုစ္စာတွေ ဆန်းစစ်တဲ့နေရာတစ်ခုလို့လဲ တနည်းအားဖြင့် ခေါ်လို့ရတယ်။
FB_IMG_1517666384947.jpg
ကျောင်းသားအသစ်ဆိုတော့ ကျောင်းတက်စ တစ်ပတ်နှစ်ပတ်လောက်ထိတော့ အတန်းတွေလဲပုံမှန်တက်ဖြစ်ခဲ့တယ်။ နောက်ကျတော့လဲ တဖြေးဖြေး အတန်းပြေးနည်းတွေ သူ့အလိုလိုတက်လာတယ်။

ကန်တင်းမှာထိုင်ပြီး အချိန်တွေဖြုန်းတတ်လာတယ်။ ဒီလိုနဲ့ပဲငါတို့တွေ ဘွဲ့ရလာခဲ့တာပဲဟ။ ဒါပေမဲ့ ကျောင်းသားတစ်ယောက် အနေနဲ့တော့ တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးမှာ တတ်သင့်တယ်။ မပျက်စီးသင့်တာ မပျက်စီးရအောင် မိမိဘာသာတော့ ထိန်းသိမ်းပြုပြင်ပြီး နေထိုင်ပေါ့။
FB_IMG_1517666349488.jpg
မိမိပျက်စီးတိုင်း အပေါင်းအသင်းသူငယ်ချင်းတွေချည်း အပြစ်ပုံချလို့ မရဘူး။မိမိကိုယ်တိုင် စိတ်မယိုင်ဖို့သာ အဓိကကျတယ်။ တက္ကသိုလ်ကျောင်းသားဘဝက ငါ့အတွက်တော့ ပျော်ရွှင်စရာအချိန်တွေထဲက တစ်ခုပါပဲ။ သူပြောပြတော့ သိပ်မယုံခဲ့ဘူး ဒီနေ့ကျွန်တော်ကိုယ်တိုင် ရောက်ပြီးမြင်ခဲ့တွေ့ခဲ့ရမှ သြော် တက္ကသိုလ်ဆိုတာ ဒီလိုပါလား ပညာစုံလင်တဲ့မြို့တော်
လို့ ခေါ်လို့လဲ ရတယ်ဗျ။
received_1951452655181713.png
MSC မိသားစုကြီး​ ရှေ့ဆက်အာင်မြင်ပါစေ
ကျေးဇူးတင်ပါသည်။ ဆက်ပါဦးမည် ခင်ဗျာ

ရေးသားသူ >>>>myathuaung@myathuaung
MSC -032
photo >>> facebook

ကျွန်​​တော်​နှင့်​တက္ကသိုလ်​ | Ecency