ခေါင်းစဉ်မဲ့ကဗျာ - ၁၁

Words
32
Reading
1 min
Listen
Play
3M

ရှေ့ကို လှမ်းမမြင်နိုင်တဲ့ခဏ
တသက်လုံး အလင်းပေးလာတဲ့မျက်လုံးကို
ပစ်မုန်းတော့မလို့လား?
မြူတွေပိတ်လို့ မမြင်နိုင်တာကို
ခဏလေးတော့ သည်းခံပေးနိုင်ကောင်းရဲ့...
မောလို့ နားနေတဲ့ခဏ
တသက်လုံး ထမ်းပိုးလာတဲ့ ခြေထောက်ကို
ပစ်မုန်းတော့မလို့လား?
ဆူးစူးလို့ နားနေတာကို
ခဏလေးတော့ သည်းခံပေးနိုင်ကောင်းရဲ့...
ဒီလိုပါပဲ...
မင်းလိုအင်တွေ မဖြည့်ဆည်းပေးနိုင်တဲ့ခဏ
တသက်လုံး ကောင်းလာပေးတဲ့လူကို
ပစ်မုန်းတော့မလို့လား?
အဆင်မပြေမှုတွေ ကြုံနေရချိန်မို့
ခဏလေးတော့ သည်းခံပေးနိုင်ကောင်းရဲ့...

IMG_20260614_113826.jpg

ကိုကိုမိုးဟိန်း
#KoKoMoeHein
myanmarkoko@myanmarkoko

ခေါင်းစဉ်မဲ့ကဗျာ - ၁၁ | Ecency