ခေါင်းစဉ်မဲ့ကဗျာ - ၁၀

Words
29
Reading
1 min
Listen
Play
4M

အတွေးတွေ စာစီရင်း
ရိုးသားစွာ ချရေးမလို့ပဲ
ဖမ်းမရတဲ့စိတ်ဟာ လိုက်ရင်းပြေးရင်း
ခါတိုင်း ခိုကပ်နေတဲ့ အတိတ်တွေလည်း
ဘယ်ဆီမှာ မသိ
ခါတိုင်း မြင်ယောင်နေကျ ပုံရိပ်တွေလည်း
အာရုံမှာ မရှိ
ရုတ်တရက် ကိုယ့်ရဲ့...
ဘယ်ဘက်ရင်အုံကို စမ်းကြည့်မိတော့
ကိုယ် ထိတ်လန့်သွားရတယ်
ဘယ်အချိန်တည်းက
ကိုယ့် နှလုံးခုန်သံဟာ ရပ်တန်နေခဲ့တာလဲ?

IMG_20260613_090722.jpg

ကိုကိုမိုးဟိန်း
#KoKoMoeHein
myanmarkoko@myanmarkoko