IAAC Day #4 : Hive ဂိမ်းကစားခြင်းနှင့် တစ်နေ့တာ အတွေးများ (၂) / အသက်ရှင်နေကြောင်း စိန်ခေါ်မှု #၄ရက်

Words
230
Reading
2 min
Listen
Play
5y

သည်ကနေ့တော့ အလုပ် Order မရှိပေ။ သို့သော် မနက်
ခင်း စောထသည့် အကျင့်ကရလာသည်။ ညကလည်း
နောက်ကျမှ အိပ်ရ၍ အိပ်ရေးတော့ မဝပေ။
စောထပြီး အခန်းသန့်ရှင်းရေးလုပ်ပြီး မနက်စာ
ပါမုန်နဲ့ ကော်ဖီတစ်ခွက် စားသောက်သည်။ အဲ့ဒါပြီး
သည်နှင့် ဂိမ်းကစားခြင်းကို စတင်ပါတော့သည်။

IMG_20210820_075017.jpg

IMG_20210820_092155.jpg

Rasing Star ဂိမ်းကို စတင်ဝင်ရောက်ကာ
ပေးထားသော Missions များကို ပြီးစီးအောင်
လုပ်သည်။ Missions တစ်ခုနဲ့တစ်ခု ပြီးဖို့စောင့်
ရချိန် ကွာပါသည်။ တစ်ချို့က ၄ မိနစ်။ တစ်ချို့က
၉ မိနစ်။ တစ်ချို့က နာရီဝက်ထိကြာတက်သည်။
အဲ့ဒီ Missions များ စောင့်နေချိန်တစ်ဖက်
ကလည်း Splinterlands ဂိမ်းထဲကခိုင်းထား
သည့် Quest ကို ပြီးစီးအောင်ဝင်လုပ်သည်။
Splinterlands Quest ကလွယ်ပါသည်။
Fire နဲ့ Rank ပွဲ ၅ ပွဲနိုင်အောင်ဆော့ရမည်ဖြစ်
သည်။ ဤသို့ဖြင့် တစ်နေကုန် ထလိုက်၊ ထိုင်လိုက်၊
အိပ်လိုက်ဖြင့် ဖုန်းကိုမျက်စိက မခွါပဲ အသုံးပြုသည်။
ညနေပိုင်းကျတော့ မျက်စိများညောင်းလာကာ စပ်
ဖျင်းဖျင်း ခံစားရသည်။ သို့နှင့် ဖုန်းကို အားသွင်းကာ
တစ်ရေးအိပ်လိုက်သည်။

Screenshot_2021_0820_100923.png

Screenshot_2021_0820_194250.png

တစ်နေ့တာအတွေး

နေဝင်မိုးချုပ်လို့ တစ်ရက်ကုန်ဆုံးသွားပါသည်။
သည်နေ့ ဘာတွေရလိုက်လဲ? ။ ဘာအသိပညာ၊ ဗဟု
သုတတွေ တိုးလာသလဲ? ။ ဖေမြင့်စာအုပ်ထဲ၌
မှတ်သားထားမိခဲ့သော စကားလေးအတိုင်းဆိုလျှင်
"လူ၏ ဦးနှောက်သည် နေ့ထက် ညမှ အလေးချိန်
ပိုစီးနေရမည်။" အင်း သည်တိုင်းဆိုလျှင် ကျွန်တော့်
ရဲ့ ဦးနှောက်ကရော ခုညမှာ အလေးချိန်စီးရဲ့လား ဟု
မိမိကိုယ်ပြန်မေးမိသည်။ နဲနဲကလေးတော့ စီးသည်
ဟု ပြန်ဖြေမိခဲ့ပါသည်။ မနေ့ကထက် သည်ကနေ့
ပိုပြီး Splinterlands ဂိမ်းကို နားလည်လာသည်။
သို့သော် အားလုံးမဟုတ်ပါ။ Cards တွေရဲ့ စကေး
နဲ့ Combo တွေကိုလေ့လာရပါဦးမည်။ Rasing
Star ဂိမ်းအကြောင်း ပိုမိုပြီးသိရှိလာသည်။ ဒီအရာတွေသည် အတွေ့ကြုံနှင့် ဗဟုသုတ တိုးတက်
လာသည့်အပိုင်းဖြစ်သည်။ တွေးခေါ်မှုအပိုင်းကရော
မည်ကဲ့သို့ တိုးတက်လာသနည်း။ ဒီကနေ့တော့ ထွေ
ထွေထူးထူး မစဥ်းစားမိပါ။ မစဥ်းစားမိတာတော့
မဟုတ်ပေ။ ညမှ ဤစာကိုရေးရသည်ဖြစ်၍ မမှတ်မိ
တော့တာမျိုးလည်း ဖြစ်နိုင်ပါသည်။ ပြောရင်းဆိုရင်း
အသိတစ်ခုတိုးလာပါသည်။ နောက်နေ့တွေဆိုလျှင်
တစ်ခုခုတွေးမိတိုင်း Phone note ထဲ ချရေးထား
ရန်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ကျွန်တော် အသက်ရှင်နေသေးလို့
ဘုရားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
မွေးထုတ်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်
ပါတယ်။ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ ကမ္ဘာ
ကြီးကို ကျေးဇူးတင်တယ်။ ကျွန်တော့ကို သိသူ၊
မသိသူ၊ မုန်းသူ၊ ချစ်သူ အားလုံးကို ကျေးဇူးတင်ပါတယ် ။

မိတ်ဆွေများလည်းလှုံခြုံစွာအသက်ရှင်နေပေးပါ

ကျေးဇူးတင်ပါတယ်

ကိုကိုမိုးဟိန်း
သစ်အယ်သီး


<<---(Myanmar Language)--->>


# The future is in your hand# Do not kill the time# If you love yourself
# Never give up!# Try your BESTScreenshot_2021_0706_202202.png

Untitled13.png


Connect to me>>> Touch Image

KoKoMoeHeinMyanmarkoko5kokomoehei7
26-261903_facebook-f-logo-transparent-background-download-facebook.pngimage.png5a4e9e5b232b9ff0848852b19665cf59.jpg


Post creator : myanmarkoko@myanmarkoko
From : Myanmar
Name: KoKoMoeHein
20.08.21


Screenshot_2021_0706_191708.png



Untitled10.png

IAAC Day #4 : Hive ဂိမ်းကစားခြင်းနှင့် တစ်နေ့တာ အတွေးများ (၂) / အသက... | Ecency