💰ဘယ်တော့မှအိပ်ရာစောစောမထဘူး။အိပ်ရာထဲဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ဗိုက်အရမ်းဆာပြီးမအိပ်နိုင်တော့မှ အိပ်ရာထတယ်။အိပ်ရာထဲကြမ်းပိုးမရှိတာနဲ့ ဘာ့ကြောင့်အိပ်ရာစောစောထရမှာလဲ?ဒီလိုစောဒကတွေများစွာရှိပါတယ်
💰ငွေကိုဘယ်လိုသုံးမလဲဆိုတာမစီစဉ်ဘူး။လက်ထဲငွေရှိပြီဆိုတာနဲ့ ဟိုဟာဝယ် ဒါဝယ်နဲ့ သုံးတော့တာပါဘဲ။ငွေကုန်ခါနီးမှ ငွေကိုစတွက်တယ်။ပြီးဘယ်လိုသုံးခဲ့တာလဲဆိုတာတွေကိုစဉ်းစားတယ်
💰ငွေအများကြီးမဝင်သည့်တိုင် ငွေစုဖို့ မစဉ်းစားဘူး။ငွေနဲနဲလေးဘဲရှာနိုင်တဲ့ဘယ်လိုငွေစုရမှာလဲ?အဲ့လိုလူတွေရှိပါတယ်။သင့်ကိုငွေစုလို့ ပြောတဲ့သူတွေက သင်အရေးပေါ်ငွေလိုလာရင် သင့်ကိုသနားနေမှာမဟုတ်ဘူးဆိုတာသိထားပါ
💰လက်ထဲမှာငွေအများကြီးရှိမှ ကိုယ်ပိုင်လုပ်ငန်းစလို့ ရမယ်လို့ တွေးမနေပါနဲ့ ။သင့်လက်ထဲငွေတွေသိန်းထောင်ချီနေမှ ရာချီနေမှစလို့ ရတယ်မထင်ပါနဲ့ ။ သင်နေထိုင်တဲ့မြို့ ရက်ကွက်ကနေစပြီး ကိုယ်ပိုင်လုပ်ငန်းကိုစတင်လို့ ရပါတယ်
💰သင့်ကိုယ်သင်ဘဲအကောင်းမြင်ပြီး ကျန်တာကိုအမှားလို့ မမှတ်ယူပါနဲ့ ။မအောင်မြင်တဲ့သူတွေက စနစ်တွေကိုအပြစ်တင်တယ်။အစိုးရကိုအပြစ်တင်တယ်။သူဌေးကိုအပြစ်တင်တယ်။လုပ်ဖော်ကိုင်ဖက်တွေကိုအပြစ်တင်တယ်။ဒီလိုလုပ်နေတာတွေကအကျိုးယုတ်စေပြီး သင်ချမ်းသာလာမှာလည်းမဟုတ်ပါဘူး
💰ရှာနိုင်တဲ့ပမာဏထက်ပိုပြီးငွေကိုသုံးတယ်။လိုချင်တာတွေဝယ်တယ်။မလောက်ဘူးဆိုအကြွေးဝယ်တယ်။သူငယ်ချင်း မိတ်ဆွေတွေဆီကချေးတယ်။ဒါဟာအကြီးမားဆုံးသောအမှားတွေဖြစ်ပါတယ်
မနက်ဖန် ၁၀ တန်းစာမေးပွဲ
ဖြေတော့မဲ့ သားသမီးများရှိခဲ့ရင်
ခလေးတွေနားလည်အောင် ပြောပြဘို့
မိဘများကို မေတ္တာရပ်ခံချင်ပါတယ့့်
အဖြေလွှာရဲ့ပထမဆုံးစာမျက်နှာမှာ လုံးဝမရေးပါစေနဲ့
ခုံအမှတ်ကို မှင် တစ်ကြောင်းထဲ ပီသအောင်ရေး
ဖြေပီးလို့ အပြင်ရောက်ရင်လုံးဝ အဖြေမတိုက်ပါစေနဲ့
အဲဒီဘာသာကို မေ့ဖျောက်လိုက်ပါ
အပုဒ်ရေ ပိုဖြေမိရင် ပြသနာလုံးဝမရှိပါ
နောက်ဆုံးဖြေတဲ့အပုဒ်ကို အမှတ်မခြစ်ပဲ ထားယုံပါပဲ
ဖြေနေရင်း မရရင် ခြစ် ပစ်တာမျိုး မလုပ်မိပါစေနဲ့
မနှစ်က သချာင်္ မေးခွန်းမှာ အဖြေမထွက်လို့ ခြစ် ချခဲ့တဲ့
ခလေးတွေအမှတ်မရပဲ
တန်းလန်းထားခဲ့တဲ့ ခလေးတွေ အမှတ်ပြည့်ပေးပစ်တာပါ့ မေးခွန်း က မှားနေတာပါ
စာဖြေကပ် ဘောပင် ခဲတန် ကွန်ပါ မိဘကတာဝန်ယူပီး မမေ့အောင် ဂရုစိုက်ပေးပါ
ခလေးကို စာဖြေနေ့မှာ စိတ်အနှောက်အယှက်
လုံးဝမဖြစ်စေအောင် မိဘများဂရုစိုက်ပါ
ဘာ စပေါ့ မေးခွန်းမှ မယုံကြည်ပါနဲ့
အိမ် နဲ့သွားဖြေရမဲ့ ကျောင်း သွားလာချိန်ကို
မိဘများကိုယ်တိုင်တွက်ဆပီး
လုံလောက်တဲ့အချိန်ထွက်နိုင်အောင် စီစဉ်ပေးပါ
ပူနွေးလပ်ဆတ်တဲ့ မနက်စာကို
မဖြစ်မနေ မိခင် ကိုယ်တိုင် စီစဉ်ပေးပါ
ယုံကြည်မှုအတွက် ကိုးကွယ်ရာဘာသာကို
ဆုတောင်းကန်တော့ ချိန်ရအောင် လုပ်ပေးပါ
ဒါလေးမှ ရအောင်မဖြေခဲ့ဘူးလား သမီးရဲ့ ဘာညာတွေ
မိဘများ လုံးဝမကဲကြပါနဲ့ ဂရုစိုက်စမ်းပါ
၁၀ တန်းစာမေးပွဲဟာ
ခလေးတွေရဲ့ အတိတ်ကံ လက်ရှိကံ မိဘများရဲ့ကံ
အကြောင်းကံတရားများစွာ ညီညွတ်ပါမှ
လိုချင်တဲ့ ရလာဒ်မျိုးရနိုင်တာကိုး
မိဘများ ကိုယ်တိုင် နားလည်ပေးကြပါ
အားလုံး အောင်မြင်နိုင်ပါစေ
အမိတက္ကသိုလ်မြေက ကြိုဆိုနေမှာပါ
၁၀တန်းစာမေးပွဲပြီးရင် ပြန်ဖျက်မယ်
💰အဝတ်အစားပိုင်းမှာသူများနဲ့ ပြိုင်တယ်။နောက်ဆုံးပေါ်အဝတ်တွေ ဖိနပ်တွေ ဖုံးတွေ ဝယ်တယ်။သင့်အိမ်နီးနားချင်း သင့်မိတ်ဆွေက အရာတခုဝယ်ပြီဆို သူ့ ထက်သာတာမှဝယ်ချင်တဲ့အကျင့်တွေက ပိုပြီးဆင်းရဲတွင်းနက်စေပါတယ်
💰သင့်တစ်လဝင်ငွေမကတဲ့ ဖုန်းတွေ သင့်တစ်နှစ်ပေါင်းချုပ်ဝင်ငွေမကတဲ့ ကားတွေ
photo google