ဝေဖန် လေကန်

Words
40
Reading
1 min
Listen
Play
2y

RTD 046 မှာ ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့ အသက်အရွယ်နဲ့ ရင့်ကျက်ခြင်းပါ။ တချို့လူတွေက လူသက်ကြီးပေမယ့်၊ ဦးနှောက်သက်က အတော်ငယ်နေပါသေးတယ်။ လူမှုရေးလည်းမသိ၊ အမှားနဲ့အမှန်ကိုလည်း သေချာခွဲခြားမမြင်တတ်၊ ကိုယ်လုပ်ချင်တာတခုတည်းပဲသိပြီး သူများအတွက် ထည့်မစဉ်းစားပေးတတ်တာမျိုးဟာ ကလေးအရွယ်၊ ကလေးဦးနှောက်နဲ့ဆိုရင်တော့ လက်ခံပေးလို့ရပေမယ့် ကြီးကောင်ကြီးမားကြီးနဲ့ မရင့်ကျက်သေးတာကတော့ မျက်စိစပါးမွှေးစူးစရာပါ။

ဒါကြောင့် ဒီတပတ်မှာ အသက်ကြီးပြီး မရင့်ကျက်နိုင်ကြတာ ဘာကြောင့်လဲ၊ တနည်းအားဖြင့် အသက်ကြီးပြီးအချိန်မစီးတာဘာကြောင့်လဲဆိုတဲ့အကြောင်းတွေကို အသက်ငယ်ပြီး မရင့်ကျက်သေးတဲ့ လူငယ်တစုက ဝေဖန်လေကန်ကြမှာဖြစ်ပါတယ်။ အတူတူ ဝေဖန်လေကန်ချင်တယ်ဆိုရင်တော့ ဒီနေ့ည ၉ နာရီအချိန် https://t.me/myancryptochannel?livestreamပါဝင်ဆွေးနွေးပေးသွားကြဖို ဖိတ်ခေါ်ပါတယ်။

ဝေဖန် လေကန် | Ecency