Wall Street

Words
229
Reading
2 min
Listen
Play
3y

Crypto industry ထဲမှာ meme coin တွေဟာ အခြား cryptocurrency တွေထက်စာရင် လူစိတ်ဝင်စားမှု၊ အာရုံစိုက်ခံရမှုပိုရလေ့ရှိပါတယ်။ Meme coin အတော်များများဟာ အစပျိုးချိန်တည်းက utility မရှိပေမယ့် နောက်ပိုင်းမှာအောင်မြင်လာတာနဲ့အမျှ utility တွေကို ဖန်တီးပြီး အဆင့်မြှင့်တင်လာကြလေ့ရှိပါတယ်။

ဥပမာပေးလို့ကောင်းတဲ့ meme coin တွေကတော့ DOGE နဲ့ SHIB တို့ပါပဲ။ DOGE ဆိုရင် ခွေးဖေဖေ Elon Musk ရဲ့ support ကို အပြည့်အဝရထားပြီးတော့ Tesla product တွေကို DOGE နဲ့ ဝယ်လို့ရနေပါတယ်။ SHIB ဟာလည်း ကိုယ်ပိုင် metaverse project ဖြစ်တဲ့ Shibarium ကို develop လုပ်နေကြတာ အခုဆိုရင် testnet တောင် အဆုံးသတ်ခါနီးနေပါပြီ။

ဒီလိုသမိုင်းကြောင်းရှိတဲ့ meme coin တွေထဲမှာ အခုနောက်ဆုံးထွက်ထားတဲ့ PEPE coin ပြီးနောက်ပိုင်း meme coin တွေ ငြိမ်နေခဲ့တာကြာပြီဖြစ်ပေမယ့် ငြိမ်နေတဲ့ကြားထဲကကို နာမည်တစ်ချက်တစ်ချက်တွေ့နေရတဲ့ meme coin တစ်ခုတော့ရှိပါတယ်။ Wall Street Memes ဆိုတဲ့ meme coin ပါပဲ။

May လကုန်ပိုင်းမှာတည်းက presale စနေခဲ့တာဖြစ်ပြီး presale မှာတင်ပဲ $15 million အထိ ရထားပြီဖြစ်တာကြောင့် community အားကတော့ တော်တော်ကောင်းနေတဲ့သဘောရှိပါတယ်။
WSM ဟာ total supply 2 billion အထိရှိမှာဖြစ်ပြီးတော့ supply ရဲ့ 50% ကို presale မှာထုတ်ရောင်းထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် WSM presale မှာ ပါဝင်ထားကြပြီး Discord server မှာ task တွေ ဝင်လုပ်သူတွေကိုလည်း airdrop ထုတ်ပေးသွားမယ်လို့ဆိုထားတာကြောင့် လူစိတ်ဝင်စားမှုပိုများပြီး အဝယ်လိုက်နေတာလည်းဖြစ်နိုင်ပါတယ်။ WallStreet Meme coin team ကတော့ presale ပြီးသွားတာနဲ့ Binance တို့လို CEX (Centralized Exchange) တွေမှာ list မှာဖြစ်ကြောင်းနဲ့ နာမည်ကြီး influencer တွေနဲ့အလုပ်တွဲလုပ်သွားမှာဖြစ်ကြောင်းတော့ ပြောထားပေမယ့် မသေချာသေးပါဘူး။

ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ WSM token ဝယ်ဖို့အတွက် အားပေးအားမြှောက်လုပ်နေတာမဟုတ်ပါဘူး။ Cryptocurrency တွေဟာ အတက်အကျကြမ်းပြီး အရှုံးများ၊ အမြတ်များနိုင်တာကြောင့် ကိုယ်တိုင်စဉ်းစားဆင်ခြင်ဆုံးဖြတ်ပြီးမှသာ ဝယ်သင့်ပါတယ်။ အထူးသဖြင့် meme coin တွေဟာ rug pull လုပ်နိုင်ခြေလည်းများတာကြောင့် အန္တရာယ်အများဆုံးပါပဲ။

Reference Link: https://cryptopotato.com/new-meme-coin-wall-street-memes-hits-15m-in-presale-is-it-the-next-pepe/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Wall Street | Ecency