တယောက်ယောက်တော့ မြတ်နေတာပါပဲ

Words
161
Reading
1 min
Listen
Play
3y

OpenAI ရဲ့ BoD (Board of Directors) ဟာ CEO Sam Altman ကို အလုပ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ အကြီးတန်းပညာရှင်တွေပါ အလုပ်ထွက်ကုန်ကြပါတယ်။ ဒီကိစ္စကို OpenAI ဝန်ထမ်းတွေဖက်က အတော်ကိုမကျေမနပ်ဖြစ်ခဲ့ကြပြီး Sam Altman ကို CEO အဖြစ် ပြန်မခေါ်ပေးရင် BoD ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် Sam Altman ရော၊ သူနဲ့အတူ အလုပ်ထွက်သွားခဲ့ကြတဲ့ ပညာရှင်တွေရောကို Microsoft က သူတို့ရဲ့ Advanced AI research team အသစ်မှာ ဦးဆောင်ပေးဖို့ ခေါ်ယူလိုက်ပါတယ်။

OpenAI ရဲ့ CEO အသစ်အဖြစ်ကိုတော့ အရင်က Twitch streaming platform ရဲ့ co-founder၊ CEO ဖြစ်ခဲ့ဖူးသူ Emmett Shear ကို ခန့်အပ်ဖို့ စီစဉ်နေကြပါတယ်။ ဒါပေမယ့် OpenAI ဝန်ထမ်းတွေကတော့ Sam Altman ကိုသာ ပြန်လိုချင်နေကြပြီး BoD ကို ဖျက်သိမ်းပေးဖို့ကို တောင်းဆိုနေကြပါတယ်။ အခုကိစ္စမှာ ဘယ်ကနေဘယ်လိုစဖြစ်ကြတာလဲ အတိအကျမသိရပေမယ့် ကြားထဲကနေ အမြတ်ထွက်သွားတာကတော့ Microsoft ပါပဲ။

Sam Altman ဟာ 2023 ခုနှစ်ထဲမှာ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာနေပြီး လွန်ခဲ့တဲ့လတွေမှာလည်း သူ့ရဲ့ crypto project တစ်ခုဖြစ်တဲ့ Worldcoin Project ဟာ data လုံခြုံရေးကိစ္စတွေကြောင့် နိုင်ငံအတော်များများမှာ ပိတ်ပင်ခံထားရပါတယ်။

Reference Link: https://cointelegraph.com/news/microsoft-hires-sam-altman-greg-brockman-after-departure-from-openai

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

တယောက်ယောက်တော့ မြတ်နေတာပါပဲ | Ecency