To the Moon

Words
183
Reading
1 min
Listen
Play
3y

လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြား နာမည်ကြီး discussion website တစ်ခုဖြစ်တဲ့ Reddit ဟာ user တွေအချင်းချင်း reward အဖြစ်ပြန်ပေးလို့ရမယ့် MOON ဆိုတဲ့ ERC-20 token တစ်ခု ထုတ်ထားပါတယ်။

MOON token ကို MEXC၊ Gate.io၊ SushiSwap နဲ့ RCP Swap တို့မှာ list ထားပြီးနောက် ဈေးတွေတောက်လျှောက်တက်နေခဲ့တာကြောင့် US အခြေစိုက် centralized exchange တစ်ခုဖြစ်တဲ့ Kraken မှာလည်း list တော့မလို သတင်းတွေထွက်နေခဲ့ပေမယ့် မ list ဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် မနေ့ကတော့ Cryptocom မှာ MOON token ကို ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက်ကြီး list လိုက်တာကြောင့် Reddit user တွေ အံ့ဩဝမ်းသာသွားကြသလို MOON token ရဲ့ဈေးဟာလည်း တစ်ရက်အတွင်းမှာတင် 140% ကျော်၊ $0.65 ဝန်းကျင်အထိ ထောင်တက်သွားခဲ့ပါတယ်။
Reddit user အတော်များများဟာ ဒီ MOON token ကို အပျော်သဘောအနေနဲ့သာ သဘောထားခဲ့ကြတာဖြစ်ပေမယ့် အခုလို နာမည်ကြီး CEX တစ်ခုဖြစ်တဲ့ Cryptocom မှာပါ list ခံလိုက်ရတာကြောင့် အတော်ကို ပျော်နေကြပါတယ်။

တကယ်တော့ MOON token တွေကို 2020 ခုနှစ်တည်းက Reddit Community Points program အတွက် ထုတ်ထားတာဖြစ်ပြီး user တစ်ယောက်နဲ့တစ်ယောက်အကြား ဆုပေးလို့ရနိုင်တာပါ။ အရင်ကတော့ ဒီ token တွေကို အပျော်သဘောအဖြစ်သာ သဘောထားခဲ့ကြပေမယ့် အခုတော့ တဖြည်းဖြည်း လေးနက်လာတဲ့ပုံပါပဲ။

ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ crypto asset တွေကို အရောင်းအဝယ်လုပ်တဲ့အခါ ကိုယ်တိုင်လေ့လာဆန်းစစ်ဆုံးဖြတ်ပြီးမှသာ ရောင်းဝယ်သင့်ပါတယ်။

Reference Link: https://decrypt.co/149113/crypto-com-adds-reddits-moons-token-as-kraken-listing-rumor-fades

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

To the Moon | Ecency