SHIB holder တွေ မျှော်လင့်တကြီးစောင့်စားခဲ့ကြရတဲ့ Shibarium layer 2 network mainnet ဟာ August လ 17 ရက်နေ့ မနက်ပိုင်းမှာ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် Shibarium ဟာ တာထွက်တော့ မလှပခဲ့ပါဘူး။
Launch လုပ်ပြီးပြီးချင်းမှာပဲ bridge contract ပေါ်က နည်းပညာအမှားအယွင်းတစ်ခုကြောင့် $1.7 million တန်ဖိုးရှိတဲ့ ETH တွေဟာ Shibarium နဲ့ Ethereum network တို့ကြားမှာ ပိတ်မိသွားခဲ့ပါတယ်။ ဒါကြောင့် user တွေအနေနဲ့ Shibarium ကို မသုံးကြဖို့ အရေးပေါ်သတိပေးစာထုတ်ခဲ့ရပြီး နာရီပေါင်းများစွာကြာတဲ့အထိ (ဒီဆောင်းပါးရေးနေချိန်) ကို Shibarium ပေါ်မှာ transaction တွေ လုပ်လို့မရ ဖြစ်နေပါတယ်။
ဒီလို error တွေအပြင် RPC (remote procedure call) system error တွေလည်းဖြစ်နေခဲ့ပြီး blockchain နဲ့ server node တွေကြားထဲမှာ ပြဿနာဖြစ်နေခဲ့ကြောင်း user အတော်များများဖက်က ထောက်ပြခဲ့ကြပါတယ်။
ဒီလိုပြဿနာတွေကြောင့် SHIB FUD တွေလည်း ပြန့်နှံ့နေခဲ့ပြီး Shibarium Discord server ရဲ့ channel အချို့ကိုပါ ပိတ်ထားခဲ့ရပါတယ်။
ဒါပေမယ့် Shibarium နဲ့ ဆက်စပ် token တွေဖြစ်တဲ့ SHIB၊ BONE နဲ့ LEASH တို့ကတော့ 8%၊ 20% နဲ့ 22% အထိ ဈေးတွေ အသီးသီးကျဆင်းနေပါတယ်။
Reference Link: https://decrypt.co/152773/1-7m-ethereum-stuck-shib-layer-2-network-shibarium
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL