စည်းမျဉ်းတွေ မဆုံးတော့ ...

Words
183
Reading
1 min
Listen
Play
3y

US SEC ဥက္ကဌဖြစ်တဲ့ Gary Gensler ဟာ crypto industry နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပိုထုတ်သွားနိုင်ခြေရှိပေမယ့် အတည်ပြုဖို့စောနေသေးကြောင်း ထုတ်ပြောလာပါတယ်။

SEC အနေနဲ့ သက်ဆိုင်ရာနယ်ပယ်အတွင်းက လုပ်ငန်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ပေးထားကြောင်းနဲ့ နောက်လည်း ထပ်ပြင်ပေးသွားမှာဖြစ်ပြီး အထူးသဖြင့် user asset တွေကို ကာကွယ်ဖို့ အဓိကအာရုံစိုက်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

အခုချိန်မှာလည်း အချို့ဥပဒေတွေကို ပြင်ဆင်ဖို့အတွက် အဆိုပြုထားပြီးပြီဖြစ်ပြီး 2022 ခုနှစ်အတွင်းမှာ ပြိုလဲသွားခဲ့ပြီး $ billion နဲ့ချီတဲ့ user asset တွေ အခုချိန်ထိ ပိတ်မိနေဆဲ Celsius၊ Voyager Digital နဲ့ FTX တို့လိုမျိုး ဖြစ်ရပ်တွေ ထပ်မဖြစ်ရအောင် အဓိကပြင်ဆင်သွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် DeFi (Decentralized Finance) တွေကိုလည်း CeFi (Centralized Finance) တွေနည်းတူ စည်းကမ်းတင်းကြပ်သွားဖို့စီစဉ်နေကြောင်းလည်း သိရပါတယ်။ DeFi တွေဟာ Decentralized - ဗဟိုထိန်းချုပ်မှုမရှိဘူးလို့သာ ဆိုထားပေမယ့် ဖွဲ့စည်းထားပုံအတော်များများကတော့ CEO တို့၊ CTO တို့လိုမျိုး ရာထူးယူထားသူတွေ ပါဝင်နေတာကြောင့် ဒါဟာ ဗဟိုထိန်းချုပ်မှုရှိနေတဲ့ပုံစံမျိုး ဖြစ်ကြောင်း Gensler က ဆိုထားပါတယ်။

တကယ်လို့ ဗဟိုထိန်းချုပ်မှုရှိနေကြောင်း SEC ဖက်က ယူဆတယ်ဆိုရင် US မှာ အခြေစိုက်ထားတဲ့ DeFi platform တွေဟာလည်း CEX (Centralized Exchange) တွေနည်းတူ တင်းကြပ်ခံလာရနိုင်ပါတယ်။

ဒါပေမယ့် US SEC နဲ့ crypto industry တို့ကြား အခုလက်ရှိဖြစ်နေတဲ့ ပြဿနာတွေဟာ စည်းကမ်းတင်းကြပ်လို့မဟုတ်ဘဲ အဆင့်ဆင့်လုပ်သွားရမယ့် စည်းမျဉ်းစည်းကမ်းအသေးစိတ်ကို သေချာမချပြထားဘဲ မထင်ရင်မထင်သလို ပြဿနာရှာနေတာကြောင့် ဖြစ်နေတာလို့ crypto community က ယူဆထားကြပါတယ်။

Reference Link: https://www.theblock.co/post/240148/gensler-says-too-early-to-say-if-ripple-ruling-will-lead-to-more-crypto-rules

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

စည်းမျဉ်းတွေ မဆုံးတော့ ... | Ecency