စိတ်မကောင်း စရာ

Words
200
Reading
1 min
Listen
Play
3y

Crypto influencer တစ်ယောက်လည်းဖြစ်၊ millionaire တစ်ယောက်လည်းဖြစ်တဲ့ Fernando Pérez Algaba ဟာ Argentina နိုင်ငံတစ်နေရာမှာ အသ-တ်ခံထားရကြောင်း တွေ့ခဲ့ရပါတယ်။ July လ 18ရက်နေ့တည်းက တည်းခိုရာအခန်းဆီကို ပြန်မလာခဲ့ဘဲ ဖုန်းအဆက်အသွယ်လည်းပြတ်နေခဲ့တာကြောင့် အခန်းရှင်တွေဖက်ကနေ Algoba ကို လူပျောက်တိုင်ကြားထားခဲ့တာပါ။

July လ 23ရက်နေ့မှာတော့ တံတားတစ်ခုနားမှာ ကစားနေကြတဲ့ကလေးတစ်စုကနေ Algoba ရဲ့ အလောင်းထည့်ထားတဲ့ ခရီးဆောင်အိတ်ကို တွေ့ခဲ့ကြပြီး ရဲကိုအကြောင်းကြားခဲ့ကြတာပါ။ ခရီးဆောင်အိတ်ထဲမှာတော့ Algoba ရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်၊ အပိုင်းပိုင်းဖြတ်ထည့်ထားတာကိုတွေ့ရပြီး၊ ၂ရက်အကြာ July လ 25ရက်နေ့မှာတော့ Algoba ရဲ့ ခေါင်းကို တံတားနားက ကျောပိုးအိတ်တစ်ခုထဲမှာ ရှာတွေ့ခဲ့ကြပါတယ်။

ရှာတွေ့ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ်က တက်တူးတွေနဲ့ လက်ဗွေရာတွေအရ Algoba ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဖက်က အတည်ပြုနိုင်ခဲ့ပြီး မ‌ေ-သခင်မှာ ေ-သနတ်နဲ့ ၃ချက်ပစ်ခတ်ခံခဲ့ရကြောင်းလည်း တွေ့ရပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ရပ်ဟာ ကြေးစားတွေရဲ့လက်ချက်ဖြစ်နိုင်ကြောင်း သုံးသပ်ထားပြီး အကြွေးကိစ္စတွေကြောင့် အသ-တ်ခံရတာဖြစ်နိုင်ကြောင်း ယူဆထားကြပါတယ်။ လောလောဆယ်မှာတော့ Algoba နဲ့ ဆက်စပ်နေတဲ့ သံသယတရားခံတစ်ယောက်ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။

Algoba ဟာ Argentina မြို့တော် Bueno Aires မှာ trader ၂၅ယောက်ရှိတဲ့ ရုံးခန်းတစ်ခုကို ဦးစီးနေသူဖြစ်ပြီး $ million နဲ့ချီ ပိုင်ဆိုင်မှုတွေရှိနေတဲ့ crypto trader တစ်ယောက်အဖြစ် လူသိများကြတဲ့အပြင် Instagram ပေါ်မှာလည်း သူ့ရဲ့ဇိမ်ခံကားတွေနဲ့ လူနေမှုပုံစံတွေကို မကြာခဏ ထုတ်ပြတတ်လေ့ရှိသူပါ။

သူ့ရဲ့ Youtube channel မှာလည်း crypto trading video တွေကို မကြာခဏတင်ပေးတတ်တာကြောင့် crypto community ကတော့ သူ့ရဲ့ သေဆုံးမှုကို အတော်စိတ်မကောင်းဖြစ်နေကြပါတယ်။

https://www.instagram.com/p/CuppcHIMmrU/ ကတော့ Algoba မပျောက်ဆုံးသွားခင် July 14ရက်နေ့ကမှ တင်ထားခဲ့တဲ့ နောက်ဆုံး Instagram Post ဖြစ်ပါတယ်။

2022 ခုနှစ်နောက်ပိုင်းကစလို့ crypto industry ထဲက လူသိများထင်ရှားသူအချို့ဟာ ထူးထူးဆန်းဆန်း သေဆုံး/အသ-တ်ခံခဲ့ရတာဖြစ်ပြီး Algoba ကတော့ နောက်ဆုံးစာရင်းဝင်ဖြစ်လာတာပါ။

Reference Link: https://cointelegraph.com/news/missing-crypto-millionaire-found-dismembered-suitcase

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL