Binance ဟာ July လဆန်းပိုင်းအတွင်းမှာ ဝန်ထမ်း 1,000 ကျော်အထိ အလုပ်ဖြုတ်ပစ်ခဲ့ကြောင်း WallStreet Journal က ဆိုထားပါတယ်။ US SEC က Binance ကို တရားစွဲပြီးနောက်မှာ Binance ဟာ အသုံးစရိတ်တွေလျှော့ချနေတာဖြစ်ပြီး July လဆန်းမှာတော့ ဝန်ထမ်းတွေကိုပါ အလုပ်ဖြုတ်လာတာဖြစ်ကြောင်း သိရပေမယ့် Binance ဖက်ကတော့ ဒီကိစ္စတွေကို အတည်ပြုဖြေကြားထားတာမျိုး မရှိပါဘူး။ ဒါ့အပြင် အလုပ်ဖြုတ်ခံရသူတွေထဲမှာ Customer Service ဖက်ကသူတွေ အများဆုံးပါဝင်နေတာကြောင့် Binance ရဲ့ Customer Service ပိုင်းကတော့ အခုထက်ပိုပြီး အင်အားလျော့သွားနိုင်ပါတယ်။
Binance ရဲ့ အကြီးတန်းအရာရှိအချို့ဟာလည်း လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင်ပဲ တောက်လျှောက်နှုတ်ထွက်နေကြတာဖြစ်ပြီးတော့ Binance CEO CZ ကတော့ ခံယူချက်တွေ၊ အတွေးအမြင်တွေ မတူတဲ့အခါ လမ်းခွဲကြရတာပဲဖြစ်ကြောင်း ဆိုထားပါတယ်။
အခုလက်ရှိမှာ Binance ရဲ့ 6နှစ်ပြည့်နှစ်ပတ်လည်ကို ကျင်းပနေပြီး Binance အနေနဲ့ Web3 product တွေ တည်ဆောက်ရေးပိုင်းဖက်ကို ပိုပြီးအားထည့်သွားမှာဖြစ်ကြောင်း CZ က ဆိုထားပါတယ်။
Binance အပါအဝင် CEX (Centralized Exchange) တွေ အားလုံးရဲ့ အခြေအနေဟာ အစိုးမရသလို ဖြစ်နေတာကြောင့် trading လုပ်မယ့် ပမာဏလောက်ပဲ CEX ထဲမှာ ထားပြီးတော့ စုမယ့် crypto asset တွေကို software wallet ထဲမှာဖြစ်စေ၊ hardware wallet တွေထဲမှာဖြစ်စေ သိမ်းထားသင့်ပါတယ်။
Reference Link: https://bitcoinist.com/binance-massive-layoff-over-1000-employees-fired/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL