ဖြုတ်လိုက် ထည့်လိုက် သံသရာ

Words
172
Reading
1 min
Listen
Play
3y

Binance ဟာ Polygon NFT တွေကို support ဖြုတ်တော့မှာဖြစ်ကြောင်း ကြေငြာလာပါတယ်။ September လ 26 ရက်နေ့ကစလို့ user တွေဟာ Binance ပေါ်မှာ Polygon NFT တွေ ဝယ်ရောင်းလုပ်လို့ရတော့မှာမဟုတ်သလို list လို့လည်း ရတော့မှာမဟုတ်ပါဘူး။

Binance Platform ပေါ်မှာ ရှိနေပြီးသား Polygon NFT တွေကိုတော့ 2024 ခုနှစ် December လ 31 ရက်နေ့နောက်ဆုံးထားပြီး အခြား wallet တွေဆီ ရွှေ့ပေးရမှာဖြစ်ကြောင်း Binance က သတိပေးထားပါတယ်။

ဒါ့အပြင် Binance ဟာ The Sandbox NFT Collection အတွက် NFT Staking Program ကိုလည်း ပိတ်သိမ်းတော့မှာဖြစ်တာကြောင့် September လ 26 ရက်နေ့အထိသာ staking reward တွေ ရနိုင်တော့မှာပါ။
တကယ်တော့ Sandbox NFT Collection ဟာ Binance NFT marketplace ပေါ်မှာ ဒုတိယမြောက် trading volume အများဆုံး Collection လည်းဖြစ်ပြီးတော့ floor price ဟာလည်း 899.15 MATIC အထိ ရှိနေတာပါ။

Binance ကတော့ သူတို့အနေနဲ့ သေချာစိစစ်ဆုံးဖြတ်ပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။
Polygon NFT တွေကို ပေးမတင်တော့ဘူးဆိုတာကြောင့် Binance NFT marketplace ပေါ်မှာ Bitcoin၊ Ethereum နဲ့ BNB Network တွေပေါ်က NFT တွေကိုသာ မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။

Reference Link: https://www.theblock.co/post/249937/binance-to-remove-support-for-polygon-nfts

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ဖြုတ်လိုက် ထည့်လိုက် သံသရာ | Ecency