Overdare

Words
178
Reading
1 min
Listen
Play
3y

တစ်ချိန်က ကျနော်တို့ရဲ့အချစ်တော်ကြီး PUBG ရဲ့ ဖန်တီးရှင် Krafton Studio ဟာ သူတို့ရဲ့ NFT metaverse game ဖြစ်တဲ့ Overdare ကို တရားဝင်ချပြလိုက်ပါပြီ။

အရင်ကတော့ ဒီ project ကို Migaloo လို့ သိထားခဲ့ကြပေမယ့် အခုတော့ Overdare အဖြစ် မိတ်ဆက်လာတာဖြစ်ပြီး 2024 ခုနှစ် January လကနေ July လအတွင်းမှာ release လုပ်သွားမယ်လို့ သိရပါတယ်။ Overdare ဟာ Epic Games ရဲ့ Unreal Engine 5 အသုံးပြုဖန်တီးထားပြီးတော့ Roblox မှာ လိုမျိုးပဲ ကိုယ်ပိုင် game တွေ ဖန်တီးလို့ရမှာဖြစ်တဲ့အပြင် ကိုယ့်စိတ်ကြိုက် avatar တွေကိုပါ ဖန်တီးလို့ရနိုင်မှာပါ။

Settlus ဆိုတဲ့ blockchain ကတော့ Overdare Metaverse ရဲ့ ကိုယ်ပိုင် blockchain ဖြစ်လာမှာဖြစ်ပြီး “Create-to-Earn” (ဖန်တီးပြီးငွေရှာ) concept နဲ့ သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် player တွေဟာ သူတို့ဖန်တီးထားတဲ့ game တွေ၊ avatar တွေနဲ့ အခြား in-game item တွေကို NFT အဖြစ်နဲ့ အရောင်းအဝယ်လုပ်လို့ရနိုင်မှာဖြစ်ပြီး USDC ကိုလည်း Coinbase နဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။

Epic Games ရဲ့ Unreal Engine 5 ဟာ တကယ့် အပြင်လောကကပုံစံအတိုင်း realistic graphics တွေကို ထုတ်ပေးနိုင်တဲ့အချက်နဲ့ နာမည်ကြီးနေတာကြောင့် Overdare ဟာလည်း PUBG လိုမျိုးပဲ mobile game လောကကို စိုးမိုးနိုင်ဦးမှာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Reference Link: https://decrypt.co/197345/pubg-creator-krafton-unveils-overdare-nft-game-ai-creation-tools

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Overdare | Ecency