ငါတို့ရဲ့ တယ်လီဂရမ်

Words
175
Reading
1 min
Listen
Play
3y

Telegram ဟာ သူတို့ရဲ့ development တွေကို ဆက်လုပ်နိုင်ဖို့အတွက် $270 million ဖိုး bond တွေ ထုတ်ရောင်းနေပါတယ်။ လက်ရှိမှာ Telegram ဟာ အကျိုးအမြတ်မရတဲ့ platform တစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပြီး user တွေကတော့ တစ်နေ့ကို သန်းနဲ့ချီပြီး အသစ်တက်နေတာပါ။ ဒါကြောင့် Telegram team ဟာလည်း အသုံးစရိတ်တွေပိုပိုတက်လာနေပြီးတော့ ဒီစရိတ်တွေကို ကာမိအောင် bond တွေထုတ်ရောင်းလာတာပါ။

Telegram ဟာ TON coin ကိုလည်း ထုတ်ထားပြီးတော့ နောက်ပိုင်းမှာ DEX တစ်ခုတည်ထောင်ဖို့အထိ ရှိကြောင်း Telegram founder ဖြစ်တဲ့ Pavel Durov က ဆိုထားပြီး အခုချိန်မှာဆိုရင်လည်း Telegram username တွေကို Fragment platform ပေါ်မှာ တင်ရောင်းလို့ရနေပါပြီ။

Telegram founder Durov ကတော့ “အချို့သူတွေက ကျနော့်ပိုက်ဆံတွေကို Telegram အတွက်၊ TON project အတွက် သုံးနေမယ့်အစား အိမ်တွေဖြစ်ဖြစ်၊ Jet လေယာဉ်ဖြစ်ဖြစ် ဝယ်လိုက်ဖို့ ပြောကြပါတယ်၊ ဒါပေမယ့် ကျနော်ကတော့ ကျနော်စိတ်ဝင်စားတာတွေကို ပိုအာရုံစိုက်ချင်ပြီး ကျန်တာလည်း ဘာမှမပိုင်ဆိုင်ထားပါဘူး။ အဲ…Telegram၊ Bitcoin အချို့နဲ့ TON coin အချို့ကလွဲလို့ပေါ့” ဆိုပြီး ပြောထားပါတယ်။
[Bluemark ရောင်းစားနေတဲ့ တချို့လူကြီးတွေနဲ့တော့ ကွာခြားမှုလေးတစ်ခုပေါ့]

Durov ဟာ အခု bond တွေမှာလည်း $10 million ဖိုးအထိ ဝယ်ထားပြီးတော့ အရင်ကလည်း $ million ရာနဲ့ချီပြီး Telegram app development အတွက် ထည့်ထားပြီးဖြစ်ကြောင်း ဆိုထားပါတယ်။

Reference Link: https://www.coindesk.com/business/2023/07/18/messaging-platform-telegram-has-issued-270m-in-bonds-to-fund-growth/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL