Nevada ပြည်နယ်သူအမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ခင်ပွန်းဟောင်းကို လုပ်ကြံဖို့အတွက် DarkWeb ကနေ ကြေးစားငှားခဲ့မှုနဲ့ ထောင်ဒဏ်5နှစ်ကျသွားခဲ့ပါတယ်။ Kristy Felkins ဆိုသူ ဒီအမျိုးသမီးဟာ ခင်ပွန်းဟောင်းရဲ့ အသက်အာမခံကြေးတွေကို အပိုင်စီးချင်တာကြောင့် ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လုယက်မှုကနေ လက်လွန်သွားတဲ့ပုံမျိုးဖြစ်သွားအောင်ပါ ဖန်တီးခိုင်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။
2016 ခုနှစ်မှာတုန်းက Felkins ဟာ DarkWeb ပေါ်က ကြေးစားတွေကို Bitcoin နဲ့ ငှားလို့ရနိုင်တဲ့ Besa Mafia website ကနေ တဆင့် ကြေးစားငှားခဲ့တာဖြစ်ပါတယ်။ Felkins ဟာ Besa Mafia ကြေးစားကို $5,000 ဖိုးအထိ Bitcoin ပေးခဲ့ပြီး အပိုဆုကြေး $4,000 အထိ ပေးဖို့ပါ ကမ်းလှမ်းထားခဲ့တာပါ။
ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ Besa Mafia ဟာ အလိမ် website ကြီးဖြစ်နေခဲ့ပြီးတော့ ဒီ website ပေါ်မှာ ဘာကြေးစားမှ ရှိမနေခဲ့ပါဘူး။ ဒီလိုနဲ့ Felkins ရဲ့ အစီအစဉ်တွေကို ရဲတွေဖက်က သိသွားခဲ့ပြီးတော့ Felkinsကို ဖမ်းဆီးခဲ့ပြီး 2023 ခုနှစ် July လမှာတော့ ထောင်ဒဏ် 5နှစ်ချခဲ့ပါတယ်။ Felkins ရဲ့ အစီအစဉ်တွေကို ရဲတွေ ဘယ်ကနေ ဘယ်လိုသိသွားလဲဆိုတာကိုတော့ မဖော်ပြထားတာကြောင့် DarkWeb ပေါ်က website တွေဟာ အစိုးရတွေဖက်ကနေ အသွင်ယူထောက်လှမ်းနေတဲ့ website မျိုးတွေလည်း အများကြီးရှိနေနိုင်ကြောင်း ပိုသိသာလာစေပါတယ်။
ဒါ့အပြင် DarkWeb ပေါ်က Bitcoin နဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေဟာ အပြင်မှာ mainstream ဖြစ်လာဖို့ အားယူနေတဲ့ cryptocurrency industry အတွက် အစွန်းအထင်းတွေဖြစ်လာနေစေပြီး Decentralization ရဲ့ အမှောင်ဖက်ခြမ်းတစ်ခုအဖြစ် ဆက်ရှိနေပါတယ်။
Reference Link: https://bitcoinist.com/woman-used-bitcoin-to-hire-hitman/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL