ကျနော်တို့ ကမ္ဘာကြီးဟာ ကျနော်တို့လူသားတွေလုပ်ရပ်တွေကြောင့်ပဲ တဖြည်းဖြည်းပျက်စီးယိုယွင်းလာနေပါပြီ။ သစ်ပင်တွေခုတ်ချင်သလိုခုတ်၊ စက်ရုံတွေက ကာဗွန်ထုတ်လုပ်မှုတွေ တစ်နှစ်တခြားမြင့်တက်၊ ပင်လယ်တွင်း စွန့်ပစ်အညစ်အကြေးတွေပိုများလာနဲ့ ဂေဟစနစ်က ဖြစ်ချင်တိုင်းဖြစ်၊ ပျက်စီးချင်တိုင်းပျက်စီးနေတာပါ။
အခု ဒီ ပြိုလဲပျက်စီးနေတဲ့ ဂေဟစနစ်ကိုထိန်းသိမ်းနိုင်ဖို့အတွက် Digital Producer တစ်ယောက်ဖြစ်တဲ့ Maurycy Krzastek နဲ့ IKEA က အကြီးအကဲဟောင်း Bartek Lechowski တို့ ပူးပေါင်းပြီးတော့ Alóki ဆိုတဲ့ Metaverse project တစ်ခုကို စလုပ်နေပါတယ်။ ဒီပုဂ္ဂိုလ်နှစ်ဦးဟာ CostaRica က ဧက ၇၅၀ ရှိတဲ့ ကျွန်းတစ်ကျွန်းကို $30 million ကျော်နဲ့ ဝယ်ယူခဲ့ပြီးတော့ တကယ့်အပြင်လောက Metaverse တစ်ခုကို ဖန်တီးမှာပါ။
Alóki Metaverse မှာ သစ်ပင်တစ်ပင်စိုက်ရင် ကျွန်းပေါ်မှာလည်း သစ်ပင်တစ်ပင်စိုက်ပေးမှာဖြစ်ပြီးတော့ အပြင်လောကက player တွေဟာလည်း သူတို့ကိုယ်သူတို့ 3D scan ဖတ်ပြီးတော့ Metaverse ထဲမှာ Avatar တွေအဖြစ် လျှောက်သွားလို့ရနိုင်မှာပါ။ အဲဒီ့ကနေမှတဆင့် Metaverse ထဲမှာ ကိုယ်ပိုင်အိမ်တွေ၊ အလုပ်အကိုင်တွေ၊ အပန်းဖြေရိပ်သာတွေနဲ့ တကယ့် အပြင်လောကပတ်ဝန်းကျင်တစ်ခုအဖြစ် အသက်သွင်းသွားမယ်လို့ Alóki team က ဆိုထားပါတယ်။ Player တွေအနေနဲ့ Metaverse ထဲမှာ မြေကွက်ဝယ်လိုက်ရင် အပြင်လောကက ကျွန်းမှာလည်း မြေကွက်ပိုင်ဆိုင်နိုင်မယ့် Play-to-Own project အထိ လုပ်သွားဖို့လည်း ရှိနေပါတယ်။
အခုချိန်မှာတော့ development stage မှာပဲ ရှိနေသေးပြီးတော့ The Witcher 3 နဲ့ Cyberpunk 2077 တို့ရဲ့ game developer ဟောင်း တစ်ယောက်ဖြစ်တဲ့ Martyna Lipińska က game design team ကို ဦးဆောင်သွားမှာဖြစ်လို့ အထာကျနေမှာတော့ သေချာပါတယ်။
Reference Link: https://bitcoinist.com/aloki-reveals-the-development-of-a-metaverse-tied-to-750-acres-of-jungle-in-costa-rica/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/myancrypto
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL