Hong Kong ကတော့ Global Web3 Hub ဖြစ်လာဖို့အတွက် အစိုးရကပါ အားပေးလာတာနဲ့အတူ ဒေသတွင်းအဖွဲ့အစည်းတွေကလည်း Web3 ပိုင်းကို develop လုပ်လာကြပါတယ်။ UK အခြေစိုက် bank လုပ်ငန်းစုကြီးဖြစ်တဲ့ HSBC ရဲ့ Hong Kong လုပ်ငန်းခွဲဟာလည်း Bitcoin Spot ETF တွေကို support ပေးနေပြီဖြစ်ပြီးတော့ အခြား bank အဖွဲ့အစည်းတွေကိုလည်း Web3 company တွေနဲ့ အလုပ်တွဲလုပ်ကြဖို့ Hong Kong အစိုးရဖက်က တိုက်တွန်းထားပါတယ်။
အခုတစ်ခါမှာတော့ bank အဖွဲ့အစည်းတွေမဟုတ်ဘဲ McDonalds Hong Kong ကနေ ကြက်ကြော် metaverse တစ်ခုဖန်တီးလာတာဖြစ်ပါတယ်။ McDonalds နှစ်40ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီ metaverse ကို launch လုပ်လာတာဖြစ်ပြီး Sandbox ပေါ်မှာ တည်ဆောက်ထားတာပါ။ User တွေဟာ ကြက်ကြော် metaverse ထဲမှာ mini-game လေးတွေ ကစား၊ quest တွေလိုက်လုပ်ပြီးတော့ reward တွေရနိုင်မှာပါ။
ဒါ့အပြင် Hong Kong မှာနေသူတွေဆိုရင် အပြင်မှာ McDonalds ကြက်ကြော်သွားစားလို့ရမယ့် coupon တွေကိုပါ August လ 28ရက်နေ့အထိ ရနိုင်မှာပါ။
တကယ်တော့ Sandbox ဟာလည်း Hong Kong အခြေစိုက် Animoca Brands ရဲ့ metaverse gaming platform တစ်ခုဖြစ်တာကြောင့် လုံးဝ Made in Hong Kong metaverse တစ်ခုပါပဲ။
Reference Link: https://bitcoinist.com/mcdonalds-launches-metaverse-in-hong-kongn/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL