ကိုယ်တွေမှာ လှုပ်စရာ မရှိ

Words
138
Reading
1 min
Listen
Play
3y

SEC ဟာ Ripple က security product မဟုတ်ဘူးဆိုတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သိပ်မကျေနပ်ပုံပါပဲ။ ဆုံးဖြတ်ချက်ထွက်လာပြီးချိန်တည်းက အယူခံပြန်တင်ဖို့ကို ခဏခဏထုတ်ပြောနေခဲ့တာဖြစ်ပြီး အခုတော့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ခရိုင်တရားရုံးထက်မြင့်တဲ့ တရားခွင်ကနေ အယူခံပြန်တက်ဖို့တောင်းဆိုထားကြောင်း ပြောလာပါပြီ။

အမှုကို ဆုံးဖြတ်ချက်ချခဲ့တဲ့ တရားသူကြီး Analisa Torres ဟာ SEC ဖက်က အဆိုတင်သွင်းထားတဲ့ “$728 million တန်ကြေးရှိ XRP တွေကို အဖွဲ့အစည်းတွေဆီ ရောင်းချခဲ့တာဟာ တရားမဝင်ကြောင်းအဆို” ကို သဘောတူခဲ့ပေမယ့် XRP ဟာ security token ဖြစ်တယ်ဆိုတဲ့အချက်နဲ့ $1.3 billion တန်ဖိုးရှိ XRP အရောင်းတွေဟာ တရားမဝင်ဘူးဆိုတဲ့အချက်တွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။

တကယ်လို့သာ တရားသူကြီးဖက်ကနေ SEC ရဲ့ အယူခံကို လက်ခံလိုက်ရင်တော့ Ripple အမှုနဲ့ ပတ်သက်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို ပြန်သုံးသပ်ခံရမှာဖြစ်ပြီး အမှုရဲ့အခြေအနေဟာ တစ်မျိုးပြန်ပြောင်းသွားနိုင်ပါတယ်။

ဒီလိုဖြစ်လာခဲ့ရင် XRP transaction အတော်များများဟာလည်း security product transaction အဖြစ်ပဲ သတ်မှတ်ခံထားရဦးမှာဖြစ်ပြီး XRP ဈေးအခြေအနေဟာလည်း မျက်ခုံးလှုပ်စရာဖြစ်လာနိုင်ပါတယ်။

Reference Link: https://protos.com/sec-wants-2nd-circuit-to-overrule-ripple-xrp-decision/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ကိုယ်တွေမှာ လှုပ်စရာ မရှိ | Ecency