ခွင့်ပြုချက် ရပြီတဲ့

Words
191
Reading
1 min
Listen
Play
2y

US မှာ spot Bitcoin ETF နဲ့ spot Ethereum ETF တွေ ခွင့်ပြုပေးလိုက်ပြီးနောက်ပိုင်းမှာ Brazil မှာလည်း crypto ETF တွေ ခွင့်ပြုပေးလိုက်ပါပြီ။ ဒါပေမယ့် ထူးထူးခြားခြား Bitcoin နဲ့ Ethereum ETF တွေမဟုတ်ဘဲ spot Solana ETF ကို ခွင့်ပြုပေးလိုက်တာပါ။

Brazil ရဲ့ asset manager လုပ်ငန်းစုတခုဖြစ်တဲ့ QR Asset ရဲ့ spot Solana ETF ကို Brazil SEC ဖက်က ဥပဒေပိုင်းအရ ခွင့်ပြုပေးလိုက်ပြီးဖြစ်ပေမယ့် Brazil Stock Exchange ဖြစ်တဲ့ B3 မှာ တင်ဖို့အတွက်ကို စမ်းသပ်နေပါပြီ။

Standard Chartered Bank ရဲ့ စစ်တမ်းတွေအရ Solana နဲ့ XRP ETF တွေဟာ Bitcoin နဲ့ Ethereum ETF တို့နောက်မှာ ရေပန်းစားလာနေတဲ့ ETF အမျိုးအစားတွေဖြစ်ပြီး US မှာကတော့ Solana ETF တွေအတွက် ခွင့်ပြုချက်ရနိုင်ဖို့ ဝေးကွာနေပါသေးတယ်။

Grayscale နဲ့ VanEck တို့ကတော့ spot Solana ETF တွေ တင်ဖို့ ရှိပေမယ့် ဥပဒေပိုင်းဆိုင်ရာ အခက်အခဲတွေကို အရင်ဆုံးကျော်လွှားရဦးမှာဖြစ်ကြောင်း ကြေငြာထားပါတယ်။ Bitcoin နဲ့ Ethreum အပြင် အခြား spot crypto ETF တွေ ခွင့်ပြုချက်ရ၊ မရဟာ November လ သမ္မတရွေးကောက်ပွဲမှာ US SEC ဥက္ကဌအပြောင်းအလဲဖြစ်၊ မဖြစ်အပေါ် မူတည်ကြောင်းလည်း ဆိုထားပါသေးတယ်။

ဒါပေမယ့် Brazil ကတော့ မြောက်အမေရိကတိုက်ထက်အရင် spot Solana ETF ကိုခွင့်ပြုပေးခဲ့ပြီး နောက်မှာ တောင်အမေရိကတိုက်ရဲ့ crypto ETF တွေအပေါ် စိတ်ဝင်စားမှုနှုန်းကို လေ့လာလို့ရနိုင်တော့မှာပါ။

Reference Link: https://decrypt.co/243687/solana-etf-approved-by-brazilian-sec

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ခွင့်ပြုချက် ရပြီတဲ့ | Ecency