ခုတော့ ထုတ်ပေးတော့မယ်တဲ့

Words
95
Reading
1 min
Listen
Play
3y

US အခြေစိုက် crypto exchange ဖြစ်တဲ့ Kraken ဟာ user တွေရဲ့ Bitcoin trading data တွေကို IRS (Internal Revenue Services) ဆီ ပေးဖို့ သဘောတူလိုက်ပါပြီ။ Kraken မှာ $20,000 နဲ့အထက် trade ထားတဲ့ user တွေရဲ့ 2016 ခုနှစ်ကနေ 2020 ခုနှစ်အတွင်းက data တွေကို November လထဲမှာ IRS ဆီ တင်ပေးရမှာပါ။

Kraken ဟာ တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ user data တွေထုတ်ပေးရမှာဖြစ်ပြီး ဒီကိစ္စအတွက် သက်ရောက်မှုရှိလာမယ့် user တွေကိုလည်း email ပို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရပါတယ်။ အခုလက်ရှိမှာ Kraken account ပေါင်း 42,017 ခုရဲ့ အချက်အလက်တွေ တရားရုံးရောက်ဖို့ ရှိနေပါတယ်။

တကယ်တော့ IRS ဟာ Kraken ရဲ့ user data တွေ တောင်းနေတာ နှစ်နဲ့ချီ ကြာခဲ့ပြီဖြစ်ပြီး Kraken ဖက်က user data တွေ မပေးနိုင်ကြောင်း တောက်လျှောက်ငြင်းဆိုနေခဲ့တာပါ။ အခုမှသာ Binance.US နဲ့ Coinbase တို့ကို တရားစွဲထားတာကြောင့် ပြဿနာမကြီးချင်လို့ data တွေ ထုတ်ပေးဖို့ကို သဘောတူလိုက်ရပုံပါပဲ။

Reference Link: https://decrypt.co/203507/kraken-warns-users-bitcoin-trading-data-irs

ခုတော့ ထုတ်ပေးတော့မယ်တဲ့ | Ecency