Kenya နိုင်ငံကတော့ Worldcoin ကို တရားဝင်ပိတ်ပင်လိုက်ပါပြီ။
Worldcoin ရဲ့ Digital ID တွေဟာ privacy ချိုးဖောက်မှုတွေဖြစ်စေနိုင်တာကြောင့် နိုင်ငံတွင်းမှာ Worldcoin နဲ့ပတ်သက်တဲ့ လုပ်ငန်းမှန်သမျှအပြင် WLD token တွေကိုပါ ပိတ်ပင်တားမြစ်လိုက်ပါတယ်။ တကယ်လို့ နိုင်ငံတွင်းမှာ Worldcoin နဲ့ပတ်သက်တဲ့ activity တစ်ခုခုတွေ့ရင် အရေးယူခံရမှာဖြစ်ပြီးတော့ ဒီဆုံးဖြတ်ချက်ဟာ Kenya နိုင်ငံအစိုးရအဖွဲ့ကနေ တိုက်ရိုက်ထုတ်ပြန်တဲ့ အမိန့်လည်းဖြစ်ပါတယ်။
Kenya အစိုးရအနေနဲ့ Worldcoin project ရဲ့ စစ်မှန်မှုနဲ့ ယုံကြည်စိတ်ချရမှုတို့အပေါ် မေးခွန်းထုတ်ထားပြီး နိုင်ငံတွင်း လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့လည်း Worldcoin project ကို စုံစမ်းစစ်ဆေးနေကြောင်း ဆိုထားပါတယ်။
ဒါကြောင့် Worldcoin ဟာ တကယ်ယုံကြည်စိတ်ချရတယ်လို့ Kenya အစိုးရက ယုံကြည်မှသာ နိုင်ငံတွင်းလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြန်ဖွင့်ပေးမှာဖြစ်ကြောင်းလည်း သိရပါတယ်။ အခုလက်ရှိမှာ Worldcoin ရဲ့ Digital ID ရနိုင်ဖို့အတွက် Kenya နိုင်ငံသားတွေဟာ လူဦးရေထောင်နဲ့ချီပြီးတော့ကို တန်းစီစာရင်းသွင်းနေကြတာမျိုးတွေရှိနေပြီး စာရင်းသွင်းသူတိုင်းအတွက် Worldcoin ဖက်ကနေ Digital ID အပြင် WLD token တွေပါ ပြန်ပေးနေကြောင်းလည်း သတင်းတွေထွက်နေပါတယ်။
ဒီလိုမျိုး ID လုပ်ဖို့အတွက် token ပြန်ပေးတယ်ဆိုတာဟာ တနည်းအားဖြင့် data ကို ငွေကြေးနဲ့အလဲအထပ်လုပ်တဲ့သဘောလည်းသက်ရောက်နေတာကြောင့် Kenya အစိုးရဖက်ကနေ ပိတ်ပင်လာတာပါ။
တကယ်လို့ Worldcoin သာ မြန်မာနိုင်ငံရောက်လာပြီး Digital ID လည်း ထုတ်ပေးမယ်၊ WLD token လည်းပေးမယ်ဆိုရင် သွားယူကြမှာလား?
Reference Link: https://cryptopotato.com/kenya-authorities-suspend-worldcoin-activities-over-data-privacy-concerns/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL