ဂေါ်တာပေါ့

Words
154
Reading
1 min
Listen
Play
3y

Kyrgystan နိုင်ငံဟာ ရေအားလျှပ်စစ်စွမ်းအင်သုံး crypto mining farm တစ်ခု တည်ဆောက်ဖို့အတွက် $20 million အထိ သုံးစွဲသွားဖို့ရှိနေပါတယ်။ ဒီ mining farm ကို နိုင်ငံရဲ့ အကြီးဆုံးမြစ်ဖြစ်တဲ့ Naryn မြစ်နားမှာ တည်ဆောက်သွားမှာဖြစ်ပြီးတော့ Kyrgyzstan သမ္မတ Sadyr Japarov ကလည်း ဒီစီမံကိန်းကို လက်မှတ်ထိုးအတည်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတွေက ဆိုထားပါတယ်။

Kyrgystan ရဲ့ Kambar-Ata-2 ရေအားလျှပ်စစ် station ဟာ ၁နှစ်ကို 120 MW အထိ ထုတ်ပေးနိုင်ပေမယ့် 90 MW ကိုသာ သုံးနေခဲ့ကြတာဖြစ်ပြီးတော့ 30 MW လောက်က ပိုလျှံနေပါတယ်။ ဒါပေမယ့် 30 MW လောက်နဲ့လည်း အခြားနိုင်ငံတွေဆီ ထုတ်ရောင်းလို့မရမယ့်အတူတူ သမ္မတ Japarov ဟာ crypto mining လုပ်ပြီး ဝင်ငွေတစ်ခုဖန်တီးဖို့ ကြိုးစားလာပုံပါပဲ။ လောလောဆယ်မှာတော့ mining farm တည်ဆောက်ဖို့ကို $20 million လောက်အထိ ကုန်ကျမှာဖြစ်ပြီး နောက်၉လအတွင်း တည်ဆောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Kyrgystan မတိုင်ခင်ကလည်း Bhutan နိုင်ငံဟာ 2019 ခုနှစ်တည်းက နိုင်ငံတွင်းက ပိုလျှံလျှပ်စစ်ဓာတ်အားတွေနဲ့ crypto mining တွေ လုပ်နေခဲ့ပြီး 2023 ခုနှစ်မှာမှ ဒီအကြောင်းကို ကမ္ဘာကို ချပြခဲ့တာဖြစ်ပါတယ်။

Reference Link: https://cryptopotato.com/kyrgyzstan-to-spend-20-million-to-build-a-hydropowered-crypto-mine-report/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ဂေါ်တာပေါ့ | Ecency