July လ 24ရက်မှာ Decentralized ID protocol တစ်ခုဖြစ်တဲ့ Worldcoin ဟာ သူတို့ရဲ့ native token ဖြစ်တဲ့ WLD ကို Binance အပါအဝင် exchange အတော်များများမှာ list ခဲ့ပါတယ်။ $0.15 ဈေးနဲ့ စ list ခဲ့ပြီး $5.3 လောက်အထိ တက်သွားခဲ့ပြီးနောက် အခုလက်ရှိမှာတော့ $2 ဝန်းကျင် ဈေးပေါက်နေပါတယ်။
Worldcoin ဟာ OpenAI ရဲ့ co-founder တစ်ဦးဖြစ်တဲ့ Sam Altman ရဲ့ ဖန်တီးမှုလက်ရာတစ်ုဖြစ်ပြီးတော့ Worldcoin ရဲ့ concept ဟာ user တိုင်းကို digital identity ထုတ်ပေးနိုင်မယ့် “Proof-of-personhood’’ ဖြစ်ပါတယ်။ Worldcoin Economy ကို join နိုင်ဖို့အတွက် Orb ဆိုတဲ့ မျက်လုံး scan ဖတ် device တစ်ခုကနေ မျက်လုံး scan တင်ပေးရမှာဖြစ်ပြီး Worldcoin team ဟာ ဒီမျက်လုံး scan data တွေကို သုံးပြီးတော့ Digital Passport တစ်ခုကို ပြန်ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီ passport တွေကိုတော့ နောက်ပိုင်းထွက်လာမယ့် Web3 project တွေမှာ ID တစ်ခုအဖြစ် သုံးလာကြနိုင်ပါတယ်။
User တွေအနေနဲ့ Worldcoin passport ကို ယူနိုင်ဖို့အတွက် Orb device တွေကို တစ်ကမ္ဘာလုံးမှာ ဖြန့်ကျက်ပေးထားမှာဖြစ်ကြောင်းနဲ့ user တွေရဲ့ data တွေကိုလည်း zero-knowledge နည်းပညာသုံးပြီး အပြည့်အဝကာကွယ်ပေးထားမှာဖြစ်ကြောင်း
Worldcoin blog မှာဆိုထားပါတယ်။
ဒီလို concept ကြောင့် Worldcoin ကို ချီးကျူးအားပေးကြတာလည်းရှိသလို ပြင်းပြင်းထန်ထန်ဝေဖန်ကြသူတွေလည်း ရှိနေပါတယ်။ Twitter CEO ဟောင်း Jack Dorsey ကတော့ Worldcoin ဟာ ကမ္ဘာလုံးဆိုင်ရာညီမျှမှုကိုချိန်ညှိပေးနိုင်မယ့်ကြိုးစားမှုတစ်ရပ်ဖြစ်ကြောင်း ဆိုထားပါတယ်။
Ethereum founder Vitalik Buterin ကတော့ Worldcoin ဖက်က user data တွေကို အပြည့်အဝကာကွယ်ပေးထားမယ်ဆိုပေမယ့် privacy ချိုးဖောက်ခံရမှုအချို့ကတော့ မလွဲမသွေရှိလာနိုင်ကြောင်း၊ internet ပေါ်မှာ user တွေရဲ့ အမည်မသိ လွတ်လွတ်လပ်လပ်သုံးစွဲနိုင်မှုကိုလည်း ထိခိုက်လာနိုင်တဲ့အပြင် Worldcoin ပေါ်က user data တွေကို အစိုးရအဖွဲ့အစည်းတွေဖက်က အကြပ်ကိုင်တောင်းဆိုလာတာမျိုးတွေအထိ ဖြစ်လာနိုင်ကြောင်း ထောက်ပြထားပါတယ်။
ဒါ့အပြင် crypto နယ်ပယ်ထဲက ပညာရှင်အတော်များများကလည်း ဗဟိုချုပ်ကိုင်မှုကင်းမဲ့နေတဲ့အရာတစ်ခုကို ဗဟိုချုပ်ကိုင်မှုရှိလာအောင်လုပ်နေတာကိုက အဆင်မပြေကြောင်းနဲ့ Worldcoin အနေနဲ့ KYC တောင်မဟုတ်တော့ဘဲ လူတစ်ယောက်မှာတစ်ခုပဲရှိနိုင်တဲ့ eye-scan data တွေကို ထိန်းသိမ်းရာမှာလည်း အတော်တာဝန်ကြီးမှာဖြစ်ပြီး တာဝန်ခံနိုင်မှုလည်း ရှိရမှာဖြစ်ကြောင်း ဆိုထားကြပါတယ်။
Reference Link: https://cointelegraph.com/news/worldcoin-launch-divides-crypto-community
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL