Ending

Words
160
Reading
1 min
Listen
Play
2y

နှစ်ပေါင်းများစွာကြာမြင့်နေခဲ့တဲ့ US SEC နဲ့ Ripple Labs တို့ရဲ့ အမှုဟာ နိဌိတံ၊ ဆုံးခန်းတိုင်သွားခဲ့ပါပြီ။ 2020 ခုနှစ်မှာတုန်းက Ripple Labs ဟာ XRP တွေကို မှတ်ပုံမတင်ထားတဲ့ security asset တွေအဖြစ် ထုတ်ရောင်းခဲ့ပြီးတော့ ငွေရှာခဲ့ကြောင်း SEC ဖက်က စွပ်စွဲခဲ့ပြီး ဒဏ်ကြေးအဖြစ် $2 billion အထိ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် Ripple Labs ဖက်ကလည်း $2 billion မပေးရရေးနဲ့ XRP ဟာ security asset မဟုတ်ကြောင်း အတည်ပြုနိုင်ရေးအတွက် တောက်လျှောက် အမှုရင်ဆိုင်လာခဲ့ပြီး အခုတော့ US SEC ကို တလအတွင်းမှာ $125 million ဒဏ်ကြေးဆောင်ပြီးရင် အမှုကနေ လုံးဝလွတ်သွားပြီဖြစ်သလို XRP ဟာလည်း security asset တခုမဟုတ်ကြောင်း တရားရုံးက ဆုံးဖြတ်ပေးလိုက်ပါပြီ။

ဒါကြောင့် ဒီအမှုမှာ Ripple ဖက်က US SEC ဖက်ကို ဒဏ်ငွေဆောင်လိုက်ရပေမယ့် ပြန်သုံးသပ်ကြည့်ရင် Ripple ကနိုင်သွားခဲ့တာပါပဲ။
ဒီသတင်းထွက်ပြီးပြီးချင်မှာပဲ XRP ဈေးဟာ $0.5 ကနေ $0.63 အထိကို 2 နာရီအတွင်း ခုန်တက်သွားခဲ့ပြီး နောက်ပိုင်း ထွက်လာမယ့် development တွေအတွက်ကိုလည်း နောက်ကျောလုံလုံနဲ့ လုပ်လို့ရနိုင်သွားပါပြီ။

ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီး cryptocurrency တွေကို ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်ကြသင့်ပါတယ်။

Reference Link: https://cointelegraph.com/news/sec-ripple-labs-liable-civil-penalty

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Ending | Ecency