Cyber

Words
310
Reading
2 min
Listen
Play
3y

Binance Launchpool ပေါ်မှာ August လ 2 ရက်နေ့ကစလို့ 31 ရက်နေ့အထိ SEI ရော၊ CYBER ရောကိုပါ farm လို့ရနေပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ CYBER Launchpool အကြောင်းကို ရှင်းပြပေးသွားပါမယ်။

CYBER token ဟာ CyberConnect network ရဲ့ native token ဖြစ်တဲ့အပြင် CyberConnect network ပေါ်မှာ လုပ်သမျှအရာတိုင်းအတွက် gas fees အဖြစ် အသုံးပြုသွားမှာပါ။ CyberDAO ရဲ့ governance token လည်းဖြစ်တာကြောင့် CyberDAO ထဲရှိနေသူတွေအတွက်တော့ Cyber token ဟာ အတော်ကိုအသုံးဝင်မှာပါ။

Cyber Connect project ဟာ အခုလက်ရှိ industry ထဲမှာ ပွထနေတဲ့၊ မယုံကြည်ရတဲ့ Digital ID တွေ ထုတ်ပေးနေတဲ့ platform တွေအစား ယုံကြည်ရတဲ့ Digital ID ထုတ်ပေးနိုင်တဲ့ platform တစ်ခုဖြစ်လာဖို့အပြင် Web2 မှာလိုမျိုး user တွေအနေနဲ့ အချင်းချင်းဆက်သွယ်ဆောင်ရွက်နိုင်မယ့် social app တွေ ထွက်လာနိုင်ဖို့အတွက်ကို မျှော်မှန်းထားတဲ့ project လည်းဖြစ်ပါတယ်။
ဒါကြောင့် CYBER token ဟာလည်း ဒီလိုနေရာတွေမှာ အသုံးပြုရမယ့် token တစ်ခုလည်းဖြစ်လာဦးမှာပါ။

လောလောဆယ်မှာတော့ CyberConnect project ဟာ $25 million အထိ funding ရထားပြီးတော့ private token sale ၂ခါထုတ်ရောင်းခဲ့တာမှာ 25 million CYBER အထိ ရောင်းထားရပြီးပါပြီ။ ဒီပမာဏဟာ CYBER total supply ဖြစ်တဲ့ 100 million CYBER ရဲ့ 25% အထိ ရှိပါတယ်။

CYBER token ခွဲတမ်းတွေအနေနဲ့ကတော့
Binance Launchpool ပေါ်မှာ 3%
Public sale မှာ ဝယ်သူတွေအတွက် 3%
Community ဗဟိုပြု reward တွေအတွက် 19.88%
CYBER Ecosystem partner တွေအတွက် 9%
Developer တွေအတွက် 10%
Marketing အတွက် 10%
Early partner တွေအတွက် 5%
CYBER team နဲ့ advisor တွေအတွက် 15% နဲ့
Private sale တွေအတွက် 25.12% အသီးသီး သတ်မှတ်ထားပါတယ်။

Binance Launchpool မှာကတော့ BNB pool TUSD pool FDUSD pool တွေထဲက အဆင်ပြေတဲ့ token pool ထဲမှာ stake ပြီးတော့ CYBER token တွေကို reward အဖြစ် ယူနိုင်ပါတယ်။
Launchpool တွေဟာ BNB holder တွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ BNB pool ထဲမှာ 2,400,000 CYBER အထိပါဝင်ပြီးတော့ TUSD pool ထဲမှာ 450,000 CYBER နဲ့ FDUSD pool ထဲမှာတော့ 150,000 CYBER အထိ ပါဝင်ပါတယ်။

ဒါကြောင့် BNB တွေ stake ပြီး farm ရင်တော့ BNB ပမာဏများရင်များသလို တစ်နာရီကို 333.33 CYBER အထိ အများဆုံးရနိုင်မှာဖြစ်ပြီး TUSD နဲ့ farm ရင် တစ်နာရီကို 62.50 CYBER၊ FDUSD နဲ့ farm ရင်တော့ 20.83 CYBER အထိ အများဆုံးရနိုင်ပါတယ်။ CYBER reward တွေကို နေ့စဉ် မနက် 6 နာရီခွဲတိုင်းမှာ spot wallet ထဲကို claim လို့ ရမှာပါ။

August လ 15 ရက်နေ့ ညနေ 6 နာရီခွဲမှာတော့ CYBER/USDT၊ CYBER/BTC နဲ့ CYBER/BNB pair တွေကို Binance မှာ list မှာဖြစ်ပြီး spot ထဲက CYBER တွေကို စ trade လို့ရနိုင်ပါပြီ။
အခုလက်ရှိ BNB vault ထဲမှာ BNB တွေ ထည့်ထားတယ်ဆိုရင်လည်း CYBER တွေ အလိုလိုရနေမှာဖြစ်ပြီးတော့ list တဲ့အခါ ထုတ်ရောင်းရုံပါပဲ။

ရက်များများ stake ထားလေ၊ ပြန်ရတဲ့ CYBER reward ကလည်း များလေဖြစ်တာကြောင့် https://launchpad.binance.com/en/launchpool/CYBER_BNB ကနေ stake လို့ရပါပြီ။

CYBER နဲ့အတူ farm လို့ရနိုင်မယ့် SEI Launchpool အကြောင်းကိုတော့ https://www.facebook.com/myancryptocurrency/posts/pfbid037GKiNhrEcJUYhCL3aW7hQLBwAyqufQg75evrDvQajJnFu5gq7KFqrCTCQ27uPztUl ကနေ ဖတ်နိုင်ပါတယ်။

Cyber | Ecency