Crypto Visa

Words
150
Reading
1 min
Listen
Play
3y

El Salvador အစိုးရနဲ့ Tether Company ပူးပေါင်းစီစဉ်ထားတဲ့ “El Salvador Freedom Visa” program ဟာ နိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလာလုပ်တဲ့ လုပ်ငန်းရှင်တွေအတွက် နိုင်ငံသားခံယူခွင့်ပေးသွားမှာဖြစ်ကြောင်း ကြေငြာလာပါတယ်။ El Salvador နိုင်ငံတွင်းမှာ Bitcoin နဲ့ USDT တွေကို $1 million ဖိုး ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် နိုင်ငံသားခံယူခွင့်ပေးသွားမှာဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ တော်တော်ကြီးကို ဈေးများနေပါတယ်။

Caribbean ဒေသတွင်းနိုင်ငံတွေထဲမှာလည်း ရင်းနှီးမြှုပ်နှံမှု visa တွေရှိပြီးတော့ $100,000 နဲ့ $250,000 အတွင်းကနေ စလျှောက်ခွင့်ရှိပါတယ်။

El Salvador အစိုးရကတော့ ဒီ program အတွက် visa အခု 1,000 သာ စီစဉ်ထားပြီး တကယ်လို့ 1,000 ပြည့်သွားခဲ့ရင်တော့ $1 billion အထိ ဝင်ငွေရလာမှာပါ။ El Salvador ဟာ Web3 အပိုင်းကို အားစိုက်နေတာဖြစ်ပြီးတော့ crypto အပါအဝင် နည်းပညာအသစ်တွေမှာ ရင်းနှီးမြှုပ်နှံတဲ့ company တွေဆီကနေလည်း 15 နှစ်လုံးလုံး အခွန်လုံးဝမကောက်မယ့်အကြောင်းပါ ကြေငြာထားပါတယ်။ ဒါကြောင့် အခု ရင်းနှီးမြှုပ်နှံမှု visa ဟာလည်း web3 company ပိုင်ရှင်တွေအတွက် အပိုဆောင်းရမယ့် အခွင့်အရေးတစ်ခုလိုဖြစ်လာဦးမှာပါ။

Reference Link: https://cointelegraph.com/news/el-salvador-bitcoin-freedom-visa-more-expensive-citizenship-by-investment

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Crypto Visa | Ecency