US SEC ဟာ Celsius Network founder ဖြစ်တဲ့ Alex Mashinsky နဲ့အတူ Celsius company ကိုပါ တရားစွဲလိုက်ပါတယ်။ Celsius ဟာ 2022 ခုနှစ်အတွင်းမှာ ဒေဝါလီခံခဲ့ရတာဖြစ်ပြီး ဒေဝါလီမခံခင် လုပ်ငန်းလည်ပတ်နေချိန်တုန်းက Celsius ဟာ SEC မှာ မှတ်ပုံမတင်ထားတဲ့ security product တွေ ရောင်းခဲ့ရာကနေ $ တွေ billion နဲ့ချီ ရယူခဲ့ကြောင်း SEC ဖက်က စွပ်စွဲထားတာပါ။
ဒါ့အပြင် Mashinsky ဟာ Celsius မှာ ရင်းနှီးမြှုပ်နှံထားသူတွေကိုလည်း Earn Interest Program ကနေ တဆင့် မက်လုံးတွေပေးပြီး လှည့်စားခဲ့ကြောင်းနဲ့ CEL token ကိုလည်း ဈေးကစားပြီး အမြတ်ထုတ်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။
Mashinsky ကို လိမ်လည်မှုတွေနဲ့ SEC အပြင် Celsius ရဲ့ partner ဟောင်းတွေ၊ client ဟောင်းတွေ၊ DoJ (Department of Justice)၊ CFTC (Commodities and Futures Trading Commission) နဲ့ New York ပြည်နယ်အစိုးရတို့ကပါ တရားစွဲထားကြတာဖြစ်ပြီး Mashinsky ဟာ company fund တွေကို DEX (Decentralized Exchange) တွေကနေတဆင့် အလွဲသုံးစားလုပ်ခဲ့ကြောင်းနဲ့ သူ့ရဲ့ငွေလိမ်မှုလုပ်ငန်းတွေမှာ Celsius Network ဟာ အသုံးချခံတစ်ခုဖြစ်နေကြောင်း စွပ်စွဲထားကြပါတယ်။
Bloomberg သတင်းဌာနရဲ့အဆိုအရတော့ Mashinsky ဟာ အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း သိရပါတယ်။ ဒီသတင်းထွက်ပြီးနောက် crypto market ဟာ အနည်းငယ်ကျရိပ်ပြခဲ့ပေမယ့် XRP ရဲ့ သတင်းကောင်းထွက်လာပြီးနောက်မှာတော့ တားမရဆီးမရကို market တစ်ခုလုံး ပြန်တက်သွားခဲ့ပါတယ်။
Reference Link: https://bitcoinist.com/breaking-former-celsius-ceo-arrested-sec-files-lawsuit/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL