ဘွားဘွားရယ်

Words
187
Reading
1 min
Listen
Play
3y

2021 ခုနှစ်တုန်းက Israel နိုင်ငံသူ 71 နှစ်အရွယ် ဖွားဖွားတစ်ယောက်ဟာ $3,000 ဖိုး BTC တွေကို $320,000 အထိ ဖြစ်သွားအောင် ပြောင်းနိုင်ခဲ့ပါတယ်။ ဘယ်လိုပြောင်းလိုက်သလဲဆိုတော့ ရိုးရိုးလေးပါပဲ။ Esther Freeman ဆိုတဲ့ ဒီဖွားဖွားဟာ 2013 ခုနှစ်တည်းက သူ့ရဲ့ ပင်စင်လခတွေထဲကနေ BTC $3,000 ဖိုး ဝယ်ထားခဲ့တာဖြစ်ပြီး 8 နှစ်အကြာ crypto bull market မှာတော့ ဒီ BTC တွေရဲ့ တန်ဖိုးဟာ ဘိုးဘိုးအောင် တောင်ဝှေးနဲ့တို့သလို 100x ကျော်အထိ ဖြစ်သွားခဲ့တာပါ။

ဒီလိုနဲ့ $320,000 ရောက်နေချိန်မှာ BTC တွေကို ပြန်ထုတ်ရာမှာတော့ bank နဲ့ ပြဿနာတက်ပါတော့တယ်။ အရင်တည်းက နှစ် 40 ကျော် သူသုံးနေခဲ့တဲ့ Bank Hapoalim ဟာ Bitcoin ကနေ ငွေသားပြောင်းလဲတာကို ငွေကြေးခဝါချမှုအကြောင်းပြပြီး လက်မခံခဲ့ပါဘူး။ ဒါကြောင့် ဖွားဖွားဖက်ကနေ ရှေ့နေငှားပြီးတော့ bank ကို တရားစွဲပါတော့တယ်။

ဖွားဖွားဟာ သူဝယ်ခဲ့ချိန်တုန်းက သူ့သားနဲ့တူတွေရဲ့ အကြံပေးချက်အရ ဝယ်ခဲ့တာဖြစ်ပြီး crypto အကြောင်း ဘာမှနားမလည်ကြောင်းနဲ့ အခုလို အမြတ်ရတဲ့ငွေတွေနဲ့ သူ့သားသမီးတွေကို အိမ်ဝယ်ပေးလို့ရနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပြီး ဒီအမှုအကြောင်းသတင်းဟာလည်း 2021 ခုနှစ်နှောင်းပိုင်း bull market သတင်းတွေနဲ့အတူ နာမည်ကြီးခဲ့ပါတယ်။

2 နှစ်အကြာမှာတော့ ဒီအမှုကို နှစ်ဦးနှစ်ဖက်သဘောတူ ကျေအေးလိုက်ပြီဖြစ်ပြီး ဘယ်လိုသဘောတူညီမှုတွေ ရသွားလဲကိုတော့ သေချာမဖော်ပြထားပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ ငွေတွေပြန်ထုတ်လို့ရနိုင်ခဲ့ရင်တောင်မှ bear market အတွင်းဖြစ်နေတာကြောင့် ဖွားဖွားရဲ့ အမြတ်ငွေတွေဟာ တစ်ဝက်လျော့သွားပြီဖြစ်ပြီး $160,000 ဝန်းကျင်သာ ရှိပါတော့တယ်။

ဒီအမှုမှာ စဉ်းစားမရတာကတော့ ဒီ bank က လက်မခံလည်း အခြား ပြည်ပ bank တွေကနေ ပြောင်းထုတ်ဖို့ မကြိုးစားခဲ့ဘူးလားဆိုတာပါပဲ။

Reference Link: https://cryptopotato.com/71-year-old-israeli-lady-who-made-100x-on-her-btc-investment-dismisses-lawsuit-against-uncooperating-local-bank/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL