အရေတွေ ပျော်ပေါ့

Words
181
Reading
1 min
Listen
Play
3y

ဖြစ်ချင်တာတွေဖြစ်ခွင့်မရဘဲ ဖြစ်ချင်တိုင်းတွေဖြစ်နေတဲ့ crypto market ကြီးဟာ လွန််ခဲ့တဲ့ ၂၄နာရီအတွင်းမှာ $1 billion ကျော်အထိကို အရည်ပျော်စေခဲ့ပါတယ်။ ဒီလိုအရည်ပျော်စေခဲ့တဲ့ထဲမှာ သာမန် trader တွေ၊ whale တွေအပြင် ထူးထူးခြားခြား hacker တစ်ယောက်ရဲ့ ခိုးရာပါ asset တွေပါ ပါဝင်သွားခဲ့ပါတယ်။

2022 ခုနှစ် October လတုန်းက $600 million ဖိုးအထိ အခိုးခံခဲ့ရတဲ့ BNB Token Hub hack ခံရမှုကို မှတ်မိကြမှာပါ။ ဒီ BNB hacker ဟာ သူ့ရဲ့ ခိုးရာပါ BNB တွေထဲက $63 million ဖိုး BNB တွေကို Venus protocol ဆိုတဲ့ crypto lending platform တစ်ခုပေါ်မှာ အပေါင်အဖြစ်သွားထားပြီးတော့ $30 million ဖိုး USDT တွေ ချေးယူခဲ့ပါတယ်။ သူ့ရဲ့ BNB ချေးယူထားတဲ့ position တွေဟာ BNB ဈေး $220 အောက်ကို ကျတာနဲ့ liquidated ဖြစ်သွားမှာပါ။

မနေ့တုန်းက သတင်းဆိုးတွေစုပြီးတော့ Crypto market ကြီး ဈေးတွေထိုးကျ၊ နီရဲချိန်မှာတော့ BNB ဈေးလည်း $220 အောက်အထိ ထိုးဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် hacker ရဲ့ BNB တွေလည်း liquidated ဖြစ်ကုန်တော့တာပါပဲ။

ဒါပေမယ့် သူကတော့ $30 milion ဖိုး USDT တွေကြိုယူထားပြီးဖြစ်တာကြောင့် $33 million ဖိုးပဲ ပါသွားခဲ့တာပါ။ ရုတ်တရက်ပြောင်းလဲတတ်တဲ့ market ကြီးကို ပမာမခန့်လုပ်ပြီး stop loss မထားဘဲ trade ကြသူတွေကတော့ ဒီတစ်ပတ်ကုန်တဲ့အထိလောက် အစားအသောက်မဝင်ကြလောက်တော့ပါဘူး။

Reference Link: https://bitcoinist.com/crypto-hacker-karma-heist-culprit-faces-liquidation/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

အရေတွေ ပျော်ပေါ့ | Ecency