အတုံးကောင် ၆ နှစ်ပြည့်

Words
182
Reading
1 min
Listen
Play
3y

အတုံးကောင်တွေလို့ လူသိများကြတဲ့ Crypto Punks NFT Collection ဟာ 2017 ခုနှစ်ကနေ 2023 ခုနှစ်အထိ 6 နှစ်တာကာလအတွင်းမှာ အောင်မြင်မှုတွေအများကြီး ရခဲ့ပါတယ်။ CryptoPunks NFT Collection မှာ NFT ပေါင်း 10,000 ပါဝင်ပြီးတော့ Nansen analysis ရဲ့ data တွေအရ CryptoPunk marketcap ဟာ $1.53 billion အထိ ရှိနေတာကြောင့် marketcap အကြီးဆုံး NFT Collection တစ်ခုလည်း ဖြစ်ပါတယ်။

တကယ်တော့ CryptoPunk တွေကို 2017 ခုနှစ် June လ 23 ရက်နေ့မှာ စ launch လုပ်တုန်းက free ပေးခဲ့တာဖြစ်ပေမယ့် wallet ပေါင်း 287 ခု ကသာ NFT တွေကို ယူခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပတ်လောက်အကြာမှာတော့ CryptoPunk တွေရဲ့ ကြမ်းခင်းဈေးဟာ 0.5 ETH လောက်အထိ တက်သွားခဲ့ပြီးတော့ 1 ETH ကို $300 လောက်သာ ရှိနေသေးတဲ့အချိန်လည်းဖြစ်ပါတယ်။ 1 နှစ်အကြာမှာတော့ CryptoPunk holder ပေါင်း 500 နီးပါးအထိ ရှိလာခဲ့ပြီး 3နှစ် အကြာ 2020 ခုနှစ်မှာတော့ holder ပေါင်း 1,000 အထိ ရှိလာခဲ့ပါတယ်။

သာမန်လူပုံစံနဲ့မတူဘဲ ထူးခြားတဲ့ ပုံစံကွဲတွေဖြစ်တဲ့ ဂြိုဟ်သားပုံတွေနဲ့ မျောက်ပုံတွေပါ ပါလာချိန်မှာတော့ ကို လူစိတ်ဝင်စားမှုပိုများလာခဲ့ပြီး ဈေးလည်း ပိုများလာ၊ holder တွေလည်း 3,600 ကျော်အထိ ဖြစ်လာခဲ့ပါတယ်။

2020 ခုနှစ်နဲ့ 2021 ခုနှစ်ကြားကာလတွေမှာ NFT တွေ နာမည်ကြီးလာချိန်မှာတော့ NFT ဘိုးအေကြီးလိုဖြစ်နေတဲ့ CryptoPunks NFT တွေပါ ဈေးလိုက်မြောက်လာခဲ့ပါတယ်။ CryptoPunk တစ်ခုကို 650 ETH (ကာလပေါက်ဈေး $1.25 million) နဲ့ ရောင်းလိုက်နိုင်တဲ့အထိကို CryptoPunks ရဲ့ အရှိန်အဝါက ကြီးလာခဲ့ပါတယ်။ ဒါပေမယ့် 650 ETH က CryptoPunks Collection ရဲ့ အမြင့်ဆုံးဈေးမဟုတ်သေးပါဘူး။

2022 ခုနှစ် February လ 13 ရက်နေ့မှာတော့ အပြာရောင်ခေါင်းစည်းစည်းထားတဲ့ ပုံစံနဲ့ CryptoPunk #5822 ကို 8,000 ETH (ကာလပေါက်ဈေး $23.7 million) နဲ့ ရောင်းထွက်ခဲ့ပြီး ဈေးအကြီးဆုံး CryptoPunk ဖြစ်လာခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုတွေသိမ်းယူထားနိုင်ခဲ့တဲ့ အတုံးကောင်တွေဟာ သူတို့ရဲ့ 6နှစ်ပြည့်မွေးနေ့မှာတော့ ဘယ်အတုံးကောင်တွေမှာ ဘယ်လိုအတုံးတွေကိုဘာကြောင့်သုံးထားရတယ်ဆိုတာကို တစ်ခုချင်းအသေးစိတ်ရှင်းပြထားတဲ့ CryptoPunks Book ကို အမှတ်တရထုတ်ဝေသွားဖို့ စီစဉ်ထားပါတယ်။

Comment မှာ Reference Link ချပေးထားပါမယ်။

အတုံးကောင် ၆ နှစ်ပြည့် | Ecency