ဖိုးဖိုး Biden ရဲ့ ရွေးကောက်ပွဲ promotion video တစ်ခုမှာ သူ့ရဲ့ merchandise ပစ္စည်းလေးတစ်ခုပါဝင်လာပါတယ်။ Laser eye တွေနဲ့ Joe Biden ပုံကပ်ထားတဲ့ mug ခွက်လေးတစ်ခုဖြစ်ပြီး crypto community ကတော့ ဒါကို ပုံကြီးချဲ့ဝေဘင်နေကြပါပြီ။
ဒီလို laser eye မျိုးတွေကို crypto ဝါသနာအိုး အတော်များများက နှစ်နှစ်ခြိုက်ခြိုက်ကို သုံးလေ့ရှိကြတာဖြစ်ပြီး အထင်ရှားဆုံးဥပမာတစ်ခုကတော့ El Salvador သမ္မတ Nayib Bukele ပါပဲ။ သူ့ရဲ့ Twitter profile picture မှာ Laser eye တွေနဲ့ပုံကို အချိန်အတော်ကြာကြာထားခဲ့ဖူးပါတယ်။
ဒါ့အပြင် crypto industry ထဲက အတော်များများဟာလည်း Laser eyes effect ကို cryptocurrency ထောက်ခံနှစ်သက်တဲ့ သင်္ကေတတစ်ခုလို သုံးတတ်ကြတာကြောင့် အခုလို Joe Biden ရဲ့ mug ခွက်လေးမှာ laser eye ကြီးပါလာတဲ့အခါ “Joe Biden လည်း crypto ဝါသနာအိုးဖြစ်နေပြီ၊ ဒါဆိုရင် Bitcoin Spot ETF စာရင်းသွင်းထားတာတွေလည်း ခွင့်ပြုချက်ရတော့မှာပေါ့” ဆိုပြီး ဝိုင်းဝေဘင်လှောင်ပြောင်နေကြတာပါ။
တကယ်တော့ Joe Biden အစိုးရဟာ crypto industry ကို သိပ်ပြီးမျက်နှာသာပေးလှတယ်မဟုတ်ပါဘူး။ Crypto ကရတဲ့ ဝင်ငွေတွေကိုလည်း အခွန်ကောက်တာမျိုးတွေ လုပ်ခဲ့တဲ့အပြင် crypto company တွေကိုပါ တောက်လျှောက်ဆိုသလို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့တာပါ။ ဒီလိုအကြောင်းရင်းတွေကြောင့်လည်း အခုလို ကြုံကြိုက်တုန်းလေးမှာ crypto community ဖက်ကနေ လှောင်ပြောင်မှုတွေခံနေရတာလည်း ဖြစ်နိုင်ပါတယ်။
Reference Link: https://cointelegraph.com/news/joe-biden-bitcoin-coffee-mug-video
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL