အကွက်တွေ

Words
206
Reading
1 min
Listen
Play
3y

Brazil ရဲ့ CBDC (Central Banks Digital Currency) ဟာ အစိုးရဖက်ကနေ user fund တွေကို လုပ်ချင်သလိုလုပ်လို့ရနေတဲ့ code ပါဝင်နေကြောင်း Pedro Magalhães ဆိုတဲ့ blockchain developer တစ်ယောက်က ထုတ်ပြောလာပါတယ်။

Magalhães ဟာ github ပေါ်မှာ တင်ထားတဲ့ Real Digital pilot project code ကို reverse-engineering လုပ်ခဲ့ပုံရပြီးတော့ code ရဲ့ smart contract တွေထဲမှာ user account တွေကို freeze လုပ်တာတွေ၊ account ထဲက asset balance တွေကို လိုသလို အတိုးအလျှော့လုပ်လို့ရနေတာတွေ၊ account တစ်ခုထဲက ငွေတွေကို အခြား account တစ်ခုထဲကို user မသိဘဲ ရွှေ့ပြောင်းလို့ရနေတာတွေ၊ wallet address တစ်ခုထဲမှာလည်း asset တွေ စိတ်ကြိုက်ဖန်တီးလို့ရသလို စိတ်ကြိုက်ဖျက်ဆီးပစ်လို့လည်းရနေတာတွေကို တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ဘယ်လိုအခြေအနေမျိုးတွေမှာ ဒီလို အရာတွေလုပ်မှာလဲဆိုတာနဲ့ ဘယ်သူက ဒီလိုမျိုးတွေလုပ်ပိုင်ခွင့်ရှိမှာလဲဆိုတာကိုလည်း မဖော်ပြထားကြောင်း သိရပါတယ်။

အစိုးရပိုင်းကတော့ ငွေအဝင်အထွက်တွေအတွက် လုံခြုံရေးအကြောင်းပြကြမှာပဲဖြစ်ပေမယ့် ဒီလိုမျိုး မရိုးမသားအရာတွေပါဝင်နေတယ်ဆိုတည်းက လူထုက CBDC ကို ယုံကြည်မှုလျော့နည်းသွားကြမှာပါပဲ။ Cryptocurrency တွေကို သုံးရခြင်းအကြောင်းရင်းကိုကလည်း ကိုယ့်ရဲ့ ဘဏ္ဍာရေးဆိုင်ရာတွေကို လူသိမခံစေချင်၊ ထိန်းချုပ်မခံချင်လို့ သုံးကြတာဖြစ်ပေမယ့် အစိုးရတွေက သူတို့မထိန်းချုပ်နိုင်တာကြောင့် cryptocurrency တွေကို မကြည်ဖြူကြပါဘူး။

ဒါကြောင့် CBDC တွေကို blockchain ပေါ်မှာ cryptocurrency တွေနည်းတူ smart contract အသုံးပြု တည်ဆောက်ပြီးတော့ cryptocurrency တွေ နေရာမှာ အစားထိုးဖို့ ကြိုးစားလာကြပါတယ်။ ဒါပေမယ့် CBDC တွေရဲ့ smart contract တွေမှာကိုက ဒီလိုမရိုးမသားလုပ်ထားမှုတွေ ပါဝင်နေရင်တော့ လူထုဟာ CBDC ကို မသုံးကြဘဲ ပတ်ပြေးနေကြဦးမှာပါပဲ။

အခု Brazil ရဲ့ CBDC pilot ကတော့ အခုချိန်တည်းက မရိုးမသားလုပ်ထားတာတွေ တွေ့နေရပြီဖြစ်တာကြောင့် နောက်ဆုံးအတည်ပြုထွက်လာတဲ့အခါကျရင်တော့ ဒါတွေကို ဖြုတ်မှာလား၊ မဖြုတ်ဘဲ ဆက်ထည့်ထားမှာလားဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ကြရမှာပါ။

Reference Link: https://cointelegraph.com/news/brazil-cbdc-pilot-source-code-can-freeze-funds

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

အကွက်တွေ | Ecency