Author of this content has low reputation.

Mingalarpar အခုမှစာပြန်ရေးဖြစ်နေပါတယ်

Words
68
Reading
1 min
Listen
Play
2y

အားလုံးပဲမင်္ဂလာပါ။ စာမရေးဖြစ်တာ အတော်ကြာခဲ့ပြီးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စာပြန်ရေးဖို့အတွက် အကြောင်းအမျိူးမျိူးကြောင့် post ပြန်ရေးဖို့အတွက် အကြောင်းဖန်လာခဲ့ပြီးပဲ ဖြစ်ပါတယ်။ ဒီနေ့ကစပြီးတော့ စာပြန်ရေးနိုင်ဖို့အတွက် ကြိုးစားအားထုတ်မှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေအရရော် အခုအချိန်မှာ တော်တော်လေးကို ကျပ်တည်းနေပါတယ်။ အလုပ်အကိုင် စားဝတ်နေရေး အခွင့်အလမ်းတွေကလဲ တော်တော်လေး ရှာပါးနေခဲ့ပါပြီး။ မြန်မာနိုင်ငံရဲ့ ငွေကျပ်တန်းဖိုးကလဲ တရိပ်ရိပ်နဲ့ ကျဆင်းနေလျှက်ပဲ ဖြစ်လို့​နေပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်စျေးနှုန်းတွေကလဲ အရင်ကထက်ကို များပြားလို့နေခဲ့သည်မှာ အခြေခံလူတန်းစားအဖို့ အတော်လေးရုန်းကန်နေရမယ့် အခြေအနေတစ်ခုမှာပဲ ဖြစ်ပါတယ်။ ကုန်စျေးနှုန်းတက်နေသည်ကြားထဲမှာ အလုပ်အကိုင်တွေကလဲ တော်တော်နည်းပါးနေပါတယ်။အခြေခံလူတန်စားတွေအတွက်တော့ တော်တော်လေးရိုက်ခက်နေသည်မှာ အမှန်ပါပဲ။

အခုဆိုရင် တစ်ခါမှမကြားဖူး မမြင်ဖူးတဲ့ အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆီ ဆိုရင် လမ်းတွေပေါ်မှာ တန်စီးပြီးတော့ ဝယ်နေရတဲ့အခြေအနေတစ်ခုတောင် ဖြစ်လို့နေပါတယ်။ ရာသီဥတုက ပူ တန်စီးနေရတဲ့လူတွေအတွက်တော့ အတော်လေး ဒုက္ခတွေ့စေမှာ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် အခြေခံလူတန်စားတွေအနေနဲ့ကတော့ မျက်နာပေါင်းများစွာနဲ့ မိသားစုအတွက်ဆိုတဲ့ စိတ်လေးနဲ့ အားတင်ထားပြီးတော့ ရုန်းကန်နေကြရတာကို တွေ့နေရပါတယ်။

Mingalarpar အခုမှစာပြန်ရေးဖြစ်နေပါတယ် | Ecency