👉 ကိုယ်တွေးတဲ့နည်းတစ်ခုတည်း က မှန်တယ်ဆိုတဲ့ .....

mooen(37)
Published in
#myanmar
Words
243
Reading
2 min
Listen
Play
9y

FB_IMG_1502171636821.jpg
တစ်ခါတစ်လေ အချို့ အထက်လူကြီးတွေနဲ့ အချို့
ဆရာ၊ဆရာမတွေမှာ ဒါမှဒါဆိုတဲ့ အတွေးအခေါ်တွေ
တွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေ နိုင်ငံခြားသား
တွေထဲမှာတောင် တွေ့ဖူးပါတယ်။ မြန်မာတွေကို
လေးစားတဲ့ နိုင်ငံခြားသားတွေရှိသလို မြန်မာတွေ
စဉ်းစားတာကို အရာမသွင်းတဲ့ နိုင်ငံခြားသားတွေ
လည်းရှိပါတယ်။ ပြောချင်တာက အဲ့လို သူတို့တွေး
တာပဲ မှန်တယ်ထင်တယ်ဆိုတဲ့ လူတွေ ရှိတတ်တယ်
ဆိုတဲ့ အချက်ပါ။ (ဘယ်နိုင်ငံသားရယ်လို့ မဆိုလိုပါ
လူတွေမှာ ရှိတတ်တဲ့ အကျင့်တစ်ခုပါ)

၆ နဲ့ ၃ ပေါင်းရင်လည်း ၉ ရသလို ၅နဲ့၎ ပေါင်းရင်
လည်း ၉ ရပါတယ်။ ကိုယ်တွေးတဲ့နည်းတစ်ခုတည်း
က မှန်တယ်ဆိုတဲ့ အယူအဆကြီး မထားသင့်ပါဘူး။
တစ်ခါတစ်လေတော့ ၉ ရဖို့ ၆နဲ့၃ ပဲ အသုံးပြုရမယ်
ဆိုတဲ့ အခြေအနေမျိုး ရှိတတ်ပါတယ်။ အဲ့လို မဖြစ်
မနေ သုံးရတာမျိုးမို့ တင်းကြပ်တာကိုတော့ မဆိုလို
ပါဘူး။ ဒါပေမယ့် အခြားနည်းလမ်းသုံးလည်း အဆင်
ပြေနေတဲ့ အခြေအနေမျိုးမှာတော့ တစ်ယူသန်တွေ
ဟာ အရမ်း စိတ်အနှောက်အယှက် ဖြစ်ဖို့ကောင်းပါ
တယ်။ စည်းကမ်းတင်းကြပ်တယ်တို့၊ ဘာတို့ သာ
ပြောကြတာ။ မိမိမျက်လုံးထဲမှာတော့ ရှေးရိုးစွဲသူ၊
တစ်ကိုယ်ကောင်း ဆန်သူလို့ပဲ မြင်မိပါတယ်။ အချို့
အခြေအနေတွေမှာ တင်းကြပ်တာကို လက်ခံပါတယ်။
ဒါပေမယ့် အမြဲတမ်း ကိုယ်တွေးတာ အမှန်ဆိုတာ
ကိုတော့ လက်မခံပါဘူး။ တိုးတက်ချင်တဲ့ လူဟာ
Open-Minded ဖြစ်ရပါမယ်။ ပြည့်နေတဲ့ အိုးလို
နေမိသွားရင်တော့ ရေထပ်ဝင်တော့မှာ မဟုတ်ပါ
ဘူး။ အသက်ဘယ်လောက်ပဲ ကြီးကြီး အမြဲသင်ယူ
စရာတွေ ရှိပါတယ်။ မိမိနဲ့ သဘောထားမတူရင်
အတင်းကြီး မငြင်းပဲ ပြေရာပြေကြောင်း ပြောလို့
ရပါတယ်။ သူ့နည်းလမ်းကလည်း မှန်နေရင်တော့
ငါကအမှန်...မင်းက အမှားဆိုတာမျိုးတော့ ပိတ်ပြီး
မငြင်းသင့်ပါဘူး။

ဒီလို Mindset က ကျွန်တ်ာတို့ နိုင်ငံရဲ့ ပညာရေး
စနစ်လည်း ဆိုင်နေမလား တစ်ခါတစ်လေ စဉ်းစား
မိတယ်။ ငယ်ငယ်က သင်္ချာကို ဆရာမ ပေးတဲ့နည်း
မဟုတ်ပဲ အခြားနည်းနဲ့ တွက်လို့ အဆူခံရဖူးတယ်။
ကိုယ်ပိုပြီး နားလည်တဲ့ နည်းနဲ့ တွက်ခဲ့မိတာပါ။
နောက်မှတ်မှတ်ရရ သတိရမိတာ တစ်ခုရှိပါသေး
တယ်။ အဲ့ဒါက pH အကြောင်းပါ။ ကျောင်းက
ဆရာမက pH မှာ နောက်က Hဟာ ရှေ့က pနဲ့
တစ်ပြေးတည်းရေးရမယ် ပြောပါတယ်။ ကျူရှင်က
ဆရာကကျတော့ နောက်က Hဟာ ရှေ့က Pထက်
နည်းနည်းမြင့်ပြီး အပေါ်တင်ရေးရမယ် ပြောပါတယ်။
ကျူရှင်ကဟာ လိုက်နာတော့ ကျောင်းကျအဆူခံ
ရတယ်။ ကျောင်းကဟာ လိုက်နာတော့ ကျူရှင်
ရောက်ရင် အဆူခံရတယ်။ နောက်တော့ ကိုယ်
လည်း ပါးသွားတယ်။ Hလေးကို အပေါ်တင်သလို
အောက်ချသလို ရေးထားလိုက်တယ်။ ကျောင်းမှာ
မေးတဲ့အခါ တန်းတူရေးထားတာဖြစ်ကြောင်း ပြန်
ပြောပြတယ်။ ကျူရှင်ရောက်လို့ ဆရာကမေးရင်
အပေါ်လေးနည်းနည်း တင်ထားကြောင်း ပြောပြ
ရတယ်။ ကျွန်တော်ပြောချင်တာက အဲ့လို တစ်ဦး
နဲ့ တစ်ဦး အတ္တစွဲနဲ့ ငါမှန်တယ်သူမှားတယ် လုပ်နေ
ကြတာလဲ။ အဲ့ဒီအတွေးအခေါ်တွေက ကျောင်းသား
တွေရဲ့ ခေါင်းထဲ မသိမသာ စိမ့်ဝင်သွားပါတယ်။ အချို့
အလုပ်ရှင်တွေဆို သူတို့လုပ်တာမှ အမှန်ဆိုတာတွေ
တွေ့ဖူးတယ်။ အလုပ်ရှင်မှ မဟုတ်ပါဘူး။ မိတ်ဆွေ
တွေထဲမှာလည်း သူတို့လုပ်တာပဲ အမှန်ဆိုပြီး ပိတ်ငြင်း
တဲ့ သူတွေရှိတယ်။

တစ်ခါတစ်လေ တင်းကြပ်ရမယ့် နေရာရှိပေမယ့်
တစ်ခါတစ်လေ ဖန်တီးမှု စွမ်းရည်တက်အောင်
လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့်ပေးရမယ့်နေရာ
တွေလည်း ရှိနေတယ်။

မိမိအမြင်သာဖြစ်သည်။

မိုးရှင်း ရေးသားသည်။

👉 ကိုယ်တွေးတဲ့နည်းတစ်ခုတည်း က မှန်တယ်ဆိုတဲ့ ..... | Ecency