ရန်မီးမစဲသောထိုနေ့

mm7(63)
Published in
#ecency
Words
85
Reading
1 min
Listen
Play
5y

dream_4827288_640.jpg
link

အိပ်မလို့ အိပ်ယာထက်မှာ လဲလျှောင်းနေတုန်းမှာဘဲ လမ်းထိပ်က ရန်ဖြစ်သံကို ကြားရလေသည် ပထမတော့ ခပ်တိုးတိုး တဖြည်းဖြည်းနှင်ံကျယ်လော င်လို့လာသည်
နောက်တော့ ခြေပါ လက်ပါ လာသည့် အနေအထားသို့ရောက်လာတော့သည်
နာရီဝက်လောက် အကြာမှာတော့ အသံများ တဖြည်းဖြည်း ငြိမ်သက်လို့သွားသည်
သို့မှသာလျှင် အိပ်စက်ရန် တဖန် ပြန်ပြင်ဆင်ရတော့သည်
ဟိုလူးလိုက် သည်လူးလိုက်နှင့် တော်တော်နှင့်အိပ်မပျော်နိုင်ခဲ့ပါ အတွေးများက လွင့်ပျံ့လျှက်ရှိတော့သည်
ရန်မီး မစဲသော ထိုနေ့ကား ကိုယ့်အတွက်တော့ ထိတ်လန့်ဖွယ် အိပ်မက်ဆိုးကို မြင်မက်သလိုဖြစ်ရတော့သည် ရက်စက်ကြမ်းကြုတ်မှုတစ်ခု ပေါ်လာပြီဆိုပါက အလားတူ ရက်စက်ကြမ်းကြုတ်မှုတွေက ဆက်ဆိုက်ဆိုသလို ဖြစ်လာရတက်လေသည် လူတို့သည် တစ်ဉီးနှင့် တစ်ဦး နာကျင် ထိခိုက်စေတက်ကြသည် တစ်ဦးကို တစ်ဦီး ဖျက်ဆီး ကြလေသည်/ စိတ်တွေသည် တုန်လှုပ်ချောက်ချားနေတော့သည်
လူဆိုသည်မှာ ယခုလို လူသားမဆန် ရက်စက် တက်ကြလေသည်ဟု မထင်မှတ်ခဲ့ပါဘူး
ခုလို ရိုက်ပုတ် သက်ဖြတ်ချင်ကြသော လူ့စိတ်တို့သည် ညစ်ထေးလွန်းလှပါလေသည်
ရက်စက်မှုတို့သည် လူတွေရဲ့ အတွေးအမြင်များကို ပြောင်းလဲစေနိုင်သည် ပျော်ရွှင် ကျေနပ်ဖွယ် လောကကြီးကို မုန်းတီးလာစေလေသည် စိုးရိမ်ကြောင့်ကြမှုများသည် နေရာတိုင်းမှာ ပေါ်ထွက်လို့လာရသည်
ရက်စက်မှုများကို မွေးဖွားပေးသောသူသည် ဒေါသဖြစ်လေသည်
မကျေနပ်ခြင်း လက်မခံခြင်းသည် အဆုံးတွင် ခိုက်ရန် ဒေါသတွေသာ ဖြစ်ပေါ်စေလေသည်

ရန်မီးမစဲသောထိုနေ့ | Ecency