စားစရာမရှိရင်ဘာဖြစ်မလဲ

mm7(63)
Published in
#ecency
Words
110
Reading
1 min
Listen
Play
5y

fist_424500_640.jpg
https://pixabay.com/photos/fist-rebellion-rebel-arm-arms-424500/

အချိန်တွေကြာလာတာနဲ့ လူတွေဟာ ပိုမိုခက်ခဲလို့လာပါတယ် တစ်နေ့တခြား ကြပ်တည်းလာတယ် မူလပိုင်ဆိုင်မှုတွေ လျှော့နည်းလာတယ် စိတ်တွေလည်း ယိုင်နဲ့လို့လာပါပြီ စားဝတ်နေရေး ကြပ်တည်းမှုက သိပ်ကြာသွားရင်တော့ အဆင်မပြေပါဘူး မထင်မှတ်တာတွေ ဖြစ်လာနိုင်ပါတယ် အစာငတ်လို့တော့ အသေခံသွားမယ့်သူ မရှိသလောက်ဖြစ်ပါလိမ့်မယ် နောက်ဆုံးငတ်လာရင်တော့ ကိုယ်စွမ်းကိုယ်စတွေ ထုတ်လာတော့မှာပါဘဲ စားဝတ်နေရေး အဆင်ပြေအောင် သေချာ တွက်ချက်ပြီး နေထိုင်နေရတာက တကယ့်ကို ရင်မောစရာပါဘဲ
သေမထူး နေမထူးဆိုတဲ့ အခြေအနေကိုတော့ မရောက်လိုပါဘူး ဆုတောင်းရမှာပါဘဲ အားလုံးအဆင်ပြေကြပါစေလို့ တစ်ယောက်တည်း အဆင်ပြေနေလို့တော့မရပါဘူး အားလုံးအဆင်ပြေမှ ကောင်းမှာပါ အဆင်ပြေတဲ့လူတွေက အဆင်မပြေတဲ့လူတွေကို စောင်မကြည့်ရှုနေကြတုန်းပါဘဲ အဝေမလောက်နိုင်အောင်ဖြစ်လာရင်တော့ နောက်ဆုံးမှာ ဘာတွေများဖြစ်လာမှာလဲ
နောက်တစ်ခုက ရောဂါအခြေအနေ ကြားရတာတွေက သိပ်မကောင်းဘူး ကြောက်စရာကြီးပါ ဘယ်နေ့ ကိုယ့်အလှည့်ရောက်လာမှာလဲ တွေးနေရပြီ ငါတော့မသေနိုင်ပါဘူးလို့ လူတိုင်းက ယူဆနေမှာပါဘဲ ဟုတ်ပါတယ် ငါတော့ မသေနိုင်လောက်ပါဘူးလို့ ထင်တာပါဘဲ သေသွားသူတွေလည်း အဲ့သလိုဘဲ တွေးခဲ့ကြမယ်ထင်ပါတယ်
အချိန်တွေ နောက်ထပ် ဘယ်လောက် ဖြတ်ကျော်ရဦးမှာလဲ ဘယ်သူမှမသိပါဘူး ရောဂါက ပျောက်မသွားဘူးလို့ ပြောနေကြပြီ ကူးစက်တာတွေ လျှော့နည်းအောင်တော့ ကြိုးစားနေကြတာပါဘဲ ကူးစက်မှုတွေ လျှော့နည်းသွားမှသာ အလုပ်အကိုင်တွေ ပြန်လည် စတင်နိုင်လိမ့်မယ် မဟုတ်ရင်တော့ အားလုံးငတ်ကုန်တော့မှာပါ
ရောဂါဖြစ်တဲ့အချိန်ရောက်မှ ငွေတန်ဖိုးကို သိသွားရတာတော့ သိပ်မလှဘူးပေါ့ကွာ ငွေအတွက် ဘယ်လောက် ခက်ခဲတယ်ဆိုတာရယ် လူတွေရဲ့ အတွင်းစိတ်တွေရယ် အားလုံးကို အတိအကျ သိမြင်လိုက်ရတာပါဘဲ တစ်ချိန်က ဖုန်းကွယ်ထားတဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကို ကပ်ရောဂါက ခွါချပေးသွားခဲ့တယ် ဟန်ဆောင်ကောင်းသူတွေလည်း မခံနိုင်ဘူးလေ ရောဂါရဲ့ ရိုက်ချက်က ပြင်းလွန်းပါတယ် ဘယ်သူမှ မခံနိုင်ဘူး
မေ့ထားလို့တော့မရဘူး စားစရာမရှိတော့ရင် ဘာလုပ်ရမည်လဲ ဆိုတဲ့ အတွေး
mm7@mm7

စားစရာမရှိရင်ဘာဖြစ်မလဲ | Ecency