ချစ်ခဲ့ဖူးသူကို ဒီစကားပြောရတာ တကယ် စိတ်မကောင်းဖြစ်ရတယ် ပြောစကားတွေက မကြမ်းတမ်းပေမယ့် ချိုသာမှုတော့ မရှိလှပါဘူး နားဝင်မကောင်းတာထက် နှလုံးသားကို လှံနဲ့ထိုးသလိုပါဘဲ ပြောထွက်အောင်တော့ ပြောခဲ့တာပါဘဲ မချစ်ပါနဲ့တော့
တကယ်ပြန်စဉ်းစားရင် အခုတစ်မျိုး တော်ကြာတစ်မျိုးလို့ ပြောစမှတ်ပြုရတော့မယ် ဟိုတန်းကတော့ ချစ်ပါ ချစ်ပါ တောင်းဆိုခဲ့တယ် တကယ် ချစ်လာတော့လည်း အခက်အခဲ အကြပ်အတည်းတွေ နဲ့ အဆင်မပြေဖြစ်ပြန်တော့ မချစ်နဲ့တော့ဆိုပါလား
ဖြေသိမ့်စရာအဖြေကမရှိတော့ဘူးတဲ့လား လေလွင့်ရာနှင်တဲ့ တိမ်တိုက်တွေလို ထွက်သွားတော့တဲ့လား
ရင်ခုန်သံတွေက တဖြည်းဖြည်း ကျယ်လောင်လာခါမှ မချစ်နဲ့တော့လို့ ရပ်တန့်ခိုင်းတာလား နောက်ဆုံး ကြေကွဲရမယ်ဆိုတာ ကြိုသိနေတာလား ဒါဆိုအစကတည်းက မချစ်နဲ့လေ အခုမှ ဘာလို့ ရပ်တန့်ချင်ရတာလဲ
နင်လိုတာတွေ ယူပြီး အဝေးကို ထွက်သွားဖို့ ကြံစည်နေတာ မသိသလို နေပေးလိုက်လို့မရနိုင်ပါဘူး အချစ်ဆိုတာ အမိန့်ပေးလို့ရတာမှမဟုတ်တာဘဲ ဘာကြောင့်များ အချစ်ကို ကစားစရာလို သဘောထားချင်ရတာလဲမသိတော့ပါ
ပြတ်သားစွာချန်ရစ်ထားခဲ့ရအောင် ငါတို့က တစ်ယောက်ကိုတစ်ယောက် ဘာကို အပြစ်တင်ရမှာလဲ ပြသနာကို ရှာမတွေ့ဘဲ အစိမ်းသက်သက် မေ့လိုက်ကြရအောင် အချစ်က ကစညားစရာမဟုတ်ဘူးချစ်သူ
မဆိုင်သူတွေလို နေလို့မရပါဘူး ချစ်ရသူလေးရေ ဘာတွေခြားနားနေပါစေနီးစပ်အောင်တော့ ကြိုးစားခွင့်ရှိပါသေးတယ်
ရှေ့မှာကြုံရမှာတွေကို ရှောင်ဖယ်သွားချင်တာလား နောက်ထပ်ရင်ခွင်သစ်ကိုရှာချင်တာလား ပျော်ရွှင်တဲ့ဘဝခရီးဆိုတာက အချစ်မရှိဘဲ တည်ဆောက်လို့ကောရပါ့မလား
ဒီအတိုင်း အစိမ်းသက်သက် ခွဲသွားပြီးမှတော့ နောက်ထပ် မဆုံတွေ့ချင်တော့ပါနဲ့ ဆုမတောင်းပါနဲ့ ပြန်မတွေ့ချင်တော့ပါဘူး
မဆိုင်သူတွေလို နေလိုက်ပြီးရင် ထပ်မတွေ့ချင်ပါနဲ့တော့
ကိုကိုမောင်ကိုလည်း သတိရတယ် သီချင်းလေးကိုလည်း ကြိုက်တယ် ဘဝမှာလည်း ဒီလိုခံစားချက်မျိုး မကြုံဆုံချင်ခဲ့ပါ ပြန်တွေ့ကြတဲ့အခါ မဆိုင်သူတွေလို နေကြရတာပါဘဲ မင်းမှန်ပါတယ် စောင့်စည်းရမယ့်စည်းကမ်းတွေက တို့နှစ်ယောက်လုံးမှာ ရှိနေခဲ့ကြပီလေ