အလုပ်တစ်ခုကို သေချာမလုပ်ရပါဘဲ အချိန်တွေ ကုန်လွန်သွားနေတာတော့ အလွန်ကို နှမြောဖို့ကောင်းနေပါတယ်
အချိန်တွေကို အကျိုးရှိအောင် အသုံးချချင်ပေမယ့် ပျင်းရိစိတ်နဲ့ ယုံကြည်မှု ပျောက်ဆုံးခြင်းတွေက အကျိုးရှိအောင် အသုံးချမှုတွေကို ဖျက်ဆီးပြစ်နေပါတယ်
အချိန်တွေက ကုန်နေတာပါဘဲ ရပ်တန့်လို့ကိုမရနိုင်ပါဘူး နောက်တစ်ခေါက်လည်း ပြန်ရောက်မလာနိုင်တော့ပါဘူး
ကုန်သွားတဲ့အချိန်တွေအတွက် အကျိုးရှိအောင် လုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ နှမြောစရာမရှိပါဘူး
နောက်ရက်တွေက စပြီးတော့ အချိန်တွေကို သေချာလေး စနစ်တကျ ပြန်လည် အသုံးချဖို့ကြိုးစားရပါတော့မယ်
ဒီအတိုင်းအချိန်တွေကုန်နေတာကို ရပ်တန့်ရပါတော့မယ်