နော်ဝေးသုတေသနရေယာဉ်ကို လေ့လာလိုကြောင်း သံအမတ်ထံစာပို့သည့် (၈)နှစ်အရွယ်ကျောင်းသား

Words
203
Reading
1 min
Listen
Play
8y

ဤသတင်းသည် 7days ဂျာနယ်တွင်ပါလာသည့် သတင်းဖြစ်ပါသည်။ သတင်းလေးကိုဖတ်ကြည့်ပေးပါ။
မြန်မာနိုင်ငံငါးသယံဇာတတည်ရှိမှုကို သုတေသနပြုရန်လာရောက်သည့် နော်ဝေးနိုင်ငံမှ ရေယာဉ်ဆီသို့ လေ့လာ လည်ပတ်လိုကြောင်း နော်ဝေးသံအမတ်ထံ စာရေးသားပေးပို့သည့် (၈)နှစ်အရွယ် ကျောင်းသားတစ်ဦးကို သင်္ဘောတာဝန်ရှိ သူများ၏ ခွင့်ပြုချက်ဖြင့် သံရုံးကလေ့လာခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံသို့လာရောက်သည့် နော်ဝေးနိုင်ငံမှ သုတေသနလုပ်ငန်းသုံးယာဉ် Dr. Fritdiof Nansen ခရီးစဉ်အတွက် နော်ဝေးသံရုံးက လိုအပ်သည်များပြင်ဆင်နေသည့်အချိန်တွင် ရန်ကုန်မြို့မှ (၈)အရွယ် မူလတန်းကျောင်းသား ဝေဟင် ထွန်းထွန်း (ခ) ဝီလျံထံမှ စာတစ်စောင်နော်ဝေးသံအမတ်ကြီးထံရောက်ရှိခဲ့ကြောင်း နော်ဝေးသံရုံးက စက်တင်ဘာလ (၁၈ ရက်တွင်ထုတ်ပြန်သည်။
ဝေဟင်ထွန်းထွန်းက သူသည် ILBC ကျောင်းမှ မူလတန်းကျောင်းသားတစ်ဦးဖြစ်ကာ သူ၏မိခင်သည် ရန်ကုန် တက္ကသိုလ်မှ ဒေါက်တာဖြစ်ကြောင်း စာတွင်ရေးသားသည်။ သူသည် ငါး၊ ငါးမန်းနှင့် ကဏန်းများကို စိတ်ဝင်စားနှစ် သက်သူဖြစ်ကာ ကမ်းရိုးတန်းသွားရေယာဉ်ကြီးပေါ်တွင် ငါးများ၊ အဏုကြည့်မှန်ပြောင်းများ ပါလာမည်ဖြစ်ကြောင်း မိခင်မှတဆင့်ကြားသိရသည်ဟုလည်း ထည့်သွင်း ရေးသားကာ Dr. Fritdiof Nansen ရေယာဉ်ဆီသို့ လာရောက် လည်ပတ်ခွင့်ပြုရန်မြန်မာနိုင်ငံဆိုင်ရာနော်ဝေးသံအမတ်ကြီးထံခွင့်တောင်းခံခဲ့သည်။ ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ရေယာဉ်အမှုထမ်းများက ဝီလျံနှင့်မိခင်ဖြစ်သူတို့အား ရေယာဉ်တစ်ပတ်တာဝန်ယူလှည်လည်ပြသပေးမည်ဟု အကြောင်း ပြန်ခဲ့ကာ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဝီလျံအား ရေယာဉ်မှူးကြီး Aron Hapoldoy ကိုယ်တိုင်လက်ခံကြိုဆိုပြီး ရေယာဉ်အရာရှိချုပ်ကိုယ်တိုင် ရေယာဉ်တစ်လျှောက်လိုက်လံပြသပေးခဲ့ကြောင်း နော်ဝေးသံရုံးကဆိုသည်။
အဆိုပါရေယာဉ်သည် သြဂုတ်လတတိယပတ်ကစ၍ မြန်မာနိုင်ငံသို့ ရောက်ရှိကာ မြန်မာ့ပင်လယ်ရေပြင်အတွင်း ပလတ်စတစ်ပါဝင်မှုနှုန်းလေ့လာခြင်း၊ မြန်မာ့ရေပိုင်နက်အတွင်းရှိ ငါးသယံဇာတတည်ရှိမှုပမာဏတိုင်းတာခြင်း၊ ရေငန်ဂေဟ ဆိုင်ရာ အချက်အလက်များသုတေသနပြုခြင်းအပါအဝင် ငါးများ၏ဥနှင့် သားလောင်းများ ပျံ့နှံ့တည်ရှိမှုဆိုင်ရာ သုတေသနတို့ ဆောင်ရွက်နေသည်။

ဤသတင်းနှင့်ပတ်သက်၍ မိမိပြောလိုသည့် အချက်များရှိပါသည်။ ပထမအချက်မှာ ဝေဟင်ထွန်းထွန်း၏ သတ္တိဖြစ်သည်။ မိမိတို့သည် အကြောက်တရားအောက်တွေ ရှင်သန်ကြီးပြင်းလာရသူများပီပီ ခုလို နိုင်ငံခြားသံအမတ်ထံ စာရေးရဲဖို့ဝေးစွ။ မိမိထက် အသက်ကြီးသူ၊ ရာထူးကြီးသူများကိုပင် ရဲရဲရင့်ရင် ပြောရဲမေးရဲသူများမဟုတ်ခဲ့ကြပါ။ နောက်သူ၏ စူးစမ်းလိုသော စိတ်ဓာတ်ဖြစ်ပါသည်။ သူသည်သာမန်ကလေးများကဲ့သို့ မိမိမိဘများထံမှ ဖုန်းကဲ့သို့အရာများကို စူးစမ်းလေ့လာလိုခြင်းဆိုလျှင် မဆန်းလှသော်လည်း ငါး၊ ငါးမန်းနှင့် ကဏန်းများကိုလေ့လာလိုသည်ဟူသော စိတ်ဖြစ်ပါသည် ။သို့သော်မိဘ၏ သွန်သင်မှုကြောင့်ဟုပြောဆိုနိုင်ပါသေးသည်။ မိဘများ၏ သွန်သင်မှုကလည်းအရေးပါပါသည်။ သို့သော် သူ ကိုယ်တိုင်စိတ်ဝင်စားမှုကြောင့်သာ ဤအခွင့်အရေးကို တောင်းဆိုခြင်းဖြစ်သည်။
တကယ်တော့ ကျွန်တော်တို့သည် သဘာဝပတ်ဝန်းကျင်ကြီးကို စိတ်ဝင်စားတတ်သည့်လူမျိုးမဟုတ်ပါ။ သူများ လူမျိုးများက ပုရွက်ဆိပ်ကို လေ့လာ၍ ပုရွက်ဆိပ်များ၏ အလုပ်လုပ်ပုံ၊ပုရွက်ဆိပ်များ၏ အစာစုစောင်းခြင်း၊ပုရွက်ဆိပ်များ၏ စိုက်ပျိုးမွေးမြူရေး၊ ပုရွက်ဆိပ်များ၏ ဆက်သွယ်မှုစနစ်စသည်တို့ကို သုတောသနပြုလုပ်လေ့လာနေချိန်တွင် ကျွန်တော် တို့က ပုရွက်ဆိပ်သတ်ဆေးဖြန်း၍ သတ်ဖို့သာစိတ်ကူးနေသူမျိုးဖြစ်သည်။ သို့မို့ကြောင့်သာ မိမိကိုယ်တိုင်လေ့လာသူ့ တေသနပြုလုပ်မှုမရှိခဲ့၍ နောက်ဆုံးတွင်သူများက ပညာရေးဆိုပြီးလာသင်ပြတော့မှ အော်… ဒါတွေကသင်ယူစရာတွေပါ လားဟု သိနားလည်နိုင်သည့် ခပ်ညံ့ညံ့လူမျိုးဖြစ်သည်။
သို့သော် ဝေဟင်ထွန်းထွန်းလိုကလေးမျိုးတွေ ပေါ်လာပြီဆိုတော့ အနာဂါတ်မြန်မာလူမျိုးသည် ခပ်ညံ့ညံ့မဖြစ်နိုင် တော့ပါ။ သူများသင်မှတတ်သည့်၊ သူတပါးတီထွင်ပြီးသည့် ပစ္စည်းကိုသုံးစွဲတတ်သည်ရုံတတ်သည့် လူမျိုးအဖြစ်မှ ကိုယ်တိုင်တီထွင်စိမ်းသပ်နိုင်မည့် လူမျိုးဖြစ်လာပြီးဆိုလျှင် ကျွန်တော်တို့နိုင်ငံကမ္ဘာ့အလယ်မှာဝင့်ထည်နိုင်ပါလိမ့်မည်။
ကောင်းမွန်ဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံကြီးသည် ယနေ့ဖြစ်မလာနိုင်သေးလည်း မတတ်နိုင်တော့ပါ။ ဒီခေတ် ကလေးတွေလက်ထက်လောက်မှ ကမ္ဘာ့အဆင့်မီလာလည်း နောက်ကျသည်လို့လိုတော့မဆိုနိုင်သေးဘူးမဟုတ်ပါလား။ ဒီခေတ်ကလေးတွေ၏ ထက်မြက်မှုများကို မကြာခဏလည်းကြားရသိရမြင်ရသည်မဟုတ်ပါလား။
မင်းစိုးနိုင်
MSC-010
Photo – Google

နော်ဝေးသုတေသနရေယာဉ်ကို လေ့လာလိုကြောင်း သံအမတ်ထံစာပို့သည့် (၈)နှစ်အရ... | Ecency