ကမ္ဘာမြေပေါ်ကမျိုးစေ့များ

Words
48
Reading
1 min
Listen
Play
7y

ehnw9lnzxo.jpg

ကမ္ဘာမြေပေါ်ကမျိုးစေ့များ

မိုးတွင်းကာရောက်လျှင် ကမ္ဘာမြေပေါ်တွင် မျက်ပင်ပေါင်းပင်မျိုးစုံအောင်ပေါက်လာတတ် သည်။ အသုံးမဝင်သော မြက်များကို ကျွန်တော် တို့်ကရှင်းပြစ်တတ်ကြသည်။
သို့သော်ကျွန်တော်ထင်သည် အကြောင်းမယ့်တော့ ပေါက်လာမည်၊ပေါက်လိမ့်မည်မထင်ပါ။ ကျွန်တော်တို့ကိုယ်ခန္နာထဲတွင် ပိုးမွှားများသန်းချီ၍ ရှိသည်ဟုသိရသည်၊ ထိုပိုးမွှားများသည် လူကိုအကျိုးပြုသည့်ပိုးမွှားများဖြစ်ပြီး ခန္ဓာပြင်ပ မှအစားအသောက်များတွင်ပါရှိလာသည့် လူကို အန္တရာယ်ပြုသောပိုးမွှားများကိုတိုက်ခိုက်နှိမ်နင်း ပြစ်သည်ဟုဆိုသည်။ ထိုနည်းတူစွာ မိုးအခါတွင် မြေနေရာအနှံ့တွင် မြက်ပင်မျိုးစုံပေါက်လာသည် ။ ဘယ်သူကမျိုးစေ့လာကျဲပေးပါသနည်း။ဘယ်သူကမျှ လာကျဲစရာမလိုပါ။ Expirie date လွန်၍ မပေါက်သောမျိုးစေ့မရှိပဲ အရိပ်အာဝါသလွတ် သောနေရာတိုင်းတွင်အပင်များပေါက်လာကြသည် ထိုအပင်များဘာကြောင့်ပေါက်လာကြပါသနည်း။ ကမ္ဘာကြီး၏အစိုဓာတ်ကိုထိန်းငြိခြင်းပေလော။ သို့တည်းမဟုတ် ဓာတုအဆိပ်အတောက်များကို အပင်များဖြင့်စုတ်ယူ၍ ကမ္ဘာမြေကိုသန့်စင်ပေး ခြင်းလော၊မသိနိုင်ပါပေ။ သေချာသည်မှာ အကြောင်းမဲ့ လူသားများကို ဒုက္ခရောက်စေလိုရင်း တော့မဖြစ်နိုင်ဟုထင်မိပါသည်။
မင်းစိုးနိုင်

ကမ္ဘာမြေပေါ်ကမျိုးစေ့များ | Ecency