ဗုဒ္ဓဘာသာမှန်သမျှသည် ကံ၏သဘောကို ပြည့်ပြည့်ဝဝမဟုတ်သည့်တိုင် အနည်းအကျဉ်းတော့နားလည် ပြီးဖြစ်ပါသည်။ ကံသည် ဖြစ်ချင်သလိုဖြစ်နေသော သဘောမဟုတ်ပဲ ကံ၏သတ္တိများက စနစ်တကျ အကျိုးပြုနေ ခြင်းဖြစ်ပြီး ၊ ပဌာန်းဒေသနာတွင် အကျယ်တဝင့်ပါရှိပြီးဖြစ်သည်။ ပဌာန်းကိုနားလည်လျှင် ကံကိုလည်းနားလည်ရာ ရောက်ပါသည်။ သို့သော် ပဌာန်းတရားဟူသည်ကား နက်နဲရှုပ်ထွေးကျယ်ပြောလှသည်ဖြစ်ရာ သာမန်လူတို့က အလုံးစုံနား လည်နိုင်ရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ရပ်ဖြစ်နေပါသည်။
ယခုတင်ပြမည့် ကံတရား၏ဥပဒေသများသည် ဗုဒ္ဓဘာသာတို့၏ အယူအဆများမဟုတ်ပါကြောင်းဦးစွာ တင်ပြထားလိုပါသည်။ဗုဒ္ဓဘာသာ အယူအဆမဟုတ်သဖြင့် ကွဲလွဲမှုလည်းသောချာပေါက်ရှိပါလိမ့်မည်။
၁။ ဖြစ်ခြင်းနှင့်အကျိုးဆက်၏ ဥပဒေသ
· စကြာဝဠာကြီးအတွင်းသို့ ကျွန်ုပ်တို့ ပို့လွှတ်သမျှသည် ကျွန်ုပ်တို့ထံပြန်လာစမြဲဖြစ်သည်။
· အလိုရှိပါမူ ကျွန်ုပ်တို့ကိုယ်တိုင်က ပျော်ရွှင်တတ်ရမည်၊ ငြိမ်းချမ်းမှုရှိရမည်၊ မေတ္တာထားချစ်ခင် တတ်ရမည်။
(ဗုဒ္ဓဘာသာတို့၏ ကိုယ်ပြုသည့်ကံကိုယ်ခံ ကိုယ့်ထံပြန်လာမည်နှင့်တော့တူပါသည်။)
၂။ ဖန်တီးခြင်းဥပဒေသ
· ဘဝသည် ဖြစ်ပျက်နေခြင်းသက်သက်မဟုတ်။ ကျွန်ုပ်တို့ကိုယ်တိုင်၏ ပဲ့ကိုင်မှုအရ လည်ပတ် နေခြင်းဖြစ်သည်။
· ကျွန်ုပ်တို့၏ ရုပ်နှင့်နာမ်တို့သည် စကြာဝဠာပင်ဖြစ်သည်။
· အလိုရှိသောပန်းတိုင်သည် ဘဝ၏အနှစ်သာရ ဖြစ်သည်။
· ကျွန်ုပ်တို့ကြုံတွေ့ခံစားနေရသမျှသည် ကျွန်ုပ်တို့၏စိတ်အတွင်းမှ ရောင်ပြန်ဟပ်မှုပင်ဖြစ်သည်။
(ဒီအချက်လည်း ဗုဒ္ဓဘာသာနဲ့တော့မကွဲလွဲသေးပါဘူး။ အတိတ်ကံကြောင့်သက်သက်ပဲ လက်ရှိဘဝ မှာပြုတဲ့ ကံတွေကို ပဲ့ကိုင်မှုလို့ဆိုပုံပါပဲ)
၃။ နှိမ့်ချမှု၏ ဥပဒေသ
· တစ်စုံတစ်ရာအား လက်ခံနိုင်ရန် တွေဝေနေလျှင် အမြဲပင်တွေဝေနေရလိမ့်မည်။
· တစ်စုံတစ်ယောက်၏ နောက်လိုက် မဖြစ်ဖူးသူသည် ခေါင်းဆောင်လည်းဖြစ်လာလိမ့်မည်မဟုတ် ပေ။
· တစ်စုံတစ်ယောက်အား ရန်သူဟုမြင်နေသ၍ သင်သည် မြင့်မြတ်သူတစ်ဦး ဖြစ်မလာနိုင်၊ ငြိမ်းချမ်းမှု ကိုလည်းမရနိုင်ပေ။
၎။ ရင့်ကျက်မှု ဥပဒေသ
· ဘယ်နေရာပင်ရောက်ပါစေ ဘယ်အရာပင်ကြုံရစေ သင်သည်သင်သာဖြစ်သည်။
· ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်သာ အတွင်းအထိ ရင့်ကျက်မှုရှိနေခဲ့လျှင် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်အား ပြောင်းလဲရန်ဆန္ဒရှိမည်မဟုတ်။
· ကျွန်ုပ်တို့ဘဝတွင် ကျွန်ုပ်တို့ပိုင်ဆိုင်မှုဆိုသည်မှာ ကျွန်ုပ်တို့ကိုယ်တိုင်ပင် ဖြစ်သည်။
· ကျွန်ုပ်တို့ကိုယ်တိုင်၏ စစ်မှန်မှု ဖြစ်တည်မှုအား နှလုံးသွင်းနိုင်ခဲ့သော် ဘဝသည် ပြည့်စုံလာပေလိမ့် မည်။
၅။ တာဝန်ယူခြင်းဥပဒေသ
· ကျွန်ုပ်တို့ဘဝတွင် တစ်စုံတစ်ရာမှားယွင်းနေပြီဟု ခံစားနေရခြင်းသည် ကျွန်ုပ်တို့ကိုယ်တိုင်က တစ် စုံတစ်ရာမှားယွင်းနေမှုကြောင့် ဖြစ်သည်။
· ကျွန်ုပ်တို့ပတ်ဝန်းကျင်အား ကျွန်ုပ်တို့ဆက်ဆံသကဲ့သို့ ပတ်ဝန်းကျင်ကလည်း ကျွန်ုပ်တို့တို့အား ထပ်တူဆက်ဆံလိမ့်မည်။
· ကျွန်ုပ်တို့ဘဝတွင် ဖြစ်ပျက်နေသော အရာတိုင်းအတွက် တာဝန်ယူမှုရှိရမည်။
၆။ ဆက်နွယ်မှု၏ ဥပဒေသ
· ခြေလှမ်းတိုင်းသည် ရှေ့သို့ဦးတည်သည် ။
· အတိတ်သည် ပစ္စုပ္ပန်အား ဖန်တီး၍ ပစ္စုပ္ပန်သည် အနာဂါတ်အားဖန်တီးသည်။
· ကျွန်ုပ်တို့လုပ်ဆောင်လိုက်သော အရာတစ်ခုသည် ကျွန်ုပ်တို့အတွက် အကျိုးမသက်ရောက်စေ ကာမူ အလွန်အရေးကြီးသည်။ စကြာဝဠာအတွင်းရှိ အရာအားလုံးသည် ချိတ်ဆက်နေသော ကြောင့်ဖြစ် သည်။
· ပထမဆုံးခြေလှမ်းနှင့် နောက်ဆုံးခြေလှမ်းသည် ဂုဏ်ယူစရာမရှိသော ခြေလှမ်းဖြစ်သကဲ့သို့ ပြောင်းလဲမှု၏ခြေလှမ်းလည်းဖြစ်သည်။
၇။ အာရုံ၏ဥပဒေသ
· အကြောင်းအရာနှစ်ခုအားတစ်ပြိုင်တည်းမတွေးသင့်ပေ။
· ကျွန်ုပ်တို့အာရုံ၌ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ တန်ဖိုးထားလျှင် ကျွန်ုပ်တို့တွင် လောဘ၊ ဒေါသ၊ မောဟ ရှိနေမည်မဟုတ်။
(ဒီအချက်တော့ တော်တော်လွဲသွားသလိုပဲ ဗုဒ္ဓဘာသာကတော့ ဒီလောက်နဲ့ လောဘ၊ ဒေါသ မောဟ ရှိနေမည်မဟုတ်လို့ပြောမှာမဟုတ်ပါဘူး။)
၈။ ပေးကမ်းခြင်း၏ ဥပဒေသ
· သင်သာတစ်စုံတစ်ယောက်အပေါ် ယုံကြည်ချက်ပြင်းပြခဲ့သော် သင့်ဘဝထဲရှိတစ်စုံတစ်ရာက ထိုယုံကြည်ချက်အား ခူးစွတ်ပေးလိမ့်မည်။
· ကျွန်ုပ်တို့ အမှန်တကယ်သင်ကြားရသည်မှာ ကျွန်ုပ်တို့တောင်းဆိုမှုအတွက် နေရာရွေးချယ်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။
၉။ ယခုနှင့်နောင်တ၏ဥပဒေသ
· အတိတ်အဖြစ်အပျက်များမှ လေ့လာသင်ယူရမည်။
· အသစ်တစ်ခု ပိုင်ဆိုင်ခြင်းမှ မိမိကိုယ်ကိုယ် တားဆီးသင့်သည်။
· အတွေးဟောင်းများ၊ အကျင့်ဟောင်းများ၊ အိပ်မက်ဟောင်းများမှသည်...။
· လက်ရှိဘဝကိုသာကျင်လည်ပါ။
၁၀။ ပြောင်းလဲခြင်း၏ ဥပဒေသ
· ကျွန်ုပ်တို့ပြင်ဆင်သင့်သည်ကို သင်ခန်းစာယူနိုင်ရန် သမိုင်းကညွှန်ပြသည်။
· ကျွန်ုပ်တို့အခွင့်အရေးအတွက် ကျွန်ုပ်တို့ကိုယ်တိုင်တိုက်ခိုက်ရမည်။
· လက်တွေ့ပြုလုပ်ခြင်းသည် ပြောင်းလဲမှု၏သင်္ကေတဖြစ်သည်။
၁၁။ စိတ်ရှည်မှုနှင့် ဆုလာာဘ်၏ ဥပဒေသ
· ဆုလာဘ်နှင့် အောင်မြင်မှုအတွက် စတင်မှုလိုအပ်သည်။
· စစ်မှန်သော ပျော်ရွှင်မှုသည် ကျွန်ုပ်တို့ပြုသင့်သည်အား ပြုသောအခါ တန်ပြန်လာသော ဆုလာဘ် ပင်။
၁၂။ ရည်ရွယ်ချက်နှင့် စိတ်ကူး၏ ဥပဒေသ
· သင်ရရှိသော အကျိုးဆက်မှာ သင်ပြုလိုက်သော အကြောင်းတရားမှ စတင်သည်။
· လိုအပ်သူအား ထောက်ပံ့ခြင်းသည် အားလုံးခပ်သိမ်းအား ထောက်ပံ့ခြင်းနှင့် ထပ်တူပင်။
· တစ်စုံတစ်ရာ၏တန်ဖိုးသည် ထိုအရာ၏အသုံးဝင်မှု၊ လုံ့လနှင့် ထက်သန်မှုတို့တွင် သတ်မှတ်သည်။
ဤ (၁၂) ချက်သောဥပဒေသတို့သည် အတွေးအခေါ်စကားလုံးဥပဒေသများသာဖြစ်သည်။ လူတိုင်းသည် ယင်းဥပဒေသ (၁၂)ချက်မှ တစ်ချက်မဟုတ်တစ်ချက်၏ လွှမ်းမိုးထင်ဟပ်မှုရှိကြသည်။ ထိုလွှမ်းမိုးမှုတို့သည် သင်၏အနာဂါတ်အား သတ်မှတ်ကာ ကွဲပြားသော လူမှုရေး၊စီးပွားရေး၊ပညာရေး၊ အိမ်ထောင်ရေးတို့အားရှိစေသည်။ ဤဥပဒေသတို့သည် လောက၏အနှစ်သာရ နှင့်ကွဲပြားသောဘဝများ အား ဆုတ်ကိုင်ချယ်လှယ်နေသော လျှို့ဝျက်ချက်များ၏ အဖြေပင်ဖြစ်သည်။ ထိုအဖြေသည် ကံကြမ္မာအား လိုသလိုပြောင်းလဲနိုင်သည်။ ကံကြမ္မာအး ကစားနိုင်သည်။
Credit- အနောက်တိုင်းမှော်ပညာမှတ်တမ်း
ဗုဒ္ဓဘာသာအလိုမှာလည်း ကံကိုပြောင်းလဲပေးနိုင်တာတွေရှိပါတယ်။ ကောင်းတဲ့ကံတွေရောက် လာစေချင်ရင် ကောင်းတဲ့စိတ်မွေးပြီး ကောင်းတာတွေလုပ်ဆောင်သွားဖို့သာဖြစ်ပါသည်။ သူတို့ပြောသလို ကိုယ်တွေပြုတဲ့ ကောင်းကံ၊ မကောင်းကံတွေဟာ ပြုခံရသူတစ်ဥိးတစ်ယောက်တည်းအပေါ်ကို သက် ရောက်တာမဟုတ်ပါဘူး။ မကောင်းကံတွေက များလာရင် လူ့လောက်ကကြီးသာမက စကြာဝဠာအပေါ်မှာ ပါ သက်ရောက်မှုရှိတယ်လို့ ကျွန်တော်တော့ယုံကြည်ပါတယ်။ကောင်းကံတွေများလာရင်လည်း အလားတူ သက်ရောက်မှုရှိမှာပါ။ ဆူနာမီလိုမုန်တိုင်းတွေ၊ ကြီးမားတဲ့ ငလျင်တွေ၊ ရေကြီးနစ်မြုပ်မှုတွေဟာ အလကား သက်သက်ဖြစ်လာတာလို့မထင်ဘူး။ လူတွေရဲ့ မကောင်းတဲ့ အကုသိုလ်ကံတွေကြောင့်လို့ပြောကြည့်မယ် ဆိုရင် ဘယ်သူငြင်းနိုင်ပါ့မလဲနော်။