အက်ဒမန်ကျွန်းက ကရင်လူမျိုး

Words
149
Reading
1 min
Listen
Play
8y

image

တကယ်တော့ ဒီဆောင်းပါးလေးက 7days ဂျာနယ်ထဲက ဆောင်းပါးလေးပါ။ ဒီဆောင်းပါးလေးဖတ်ပြီး တိုင်းရင်း သားတွေကို သနားလွန်းလို့ ဒီလိုအဖြစ်မျိုးတွေ နောင်ဘဝအဆက်ဆက်သူတို့လည်းအကြုံကြပါစေနဲ့၊သူများတွေလည်း မကြုံကြပါစေနဲ့၊ကိုယ်လည်းမကြုံရပါစေနဲ့လို့ဆုတောင်းမိပါတယ်။ မြန်မာပြည်မှာမွေးပြီးမြန်မာပြည်မှာကြီးတဲ့ မြန်မာတိုင်း ရင်းသားစစ်ဖြစ်ပါလျှက်နဲ့ အကြောက်တရားနဲ့ထွက်ပြေးကြရင်း အိန္ဒိယအစိုးရပိုင် အက်ဒမန်ကျွန်းလေးပေါ်မှာ ကရင် လူမျိုးတွေရောက်ရှိနေခဲ့ပါတယ်။ သူတို့တွေမှာမြန်မာပြည်မှာနေတုန်းက စိုက်ပျိုးစားသောက်ခဲ့ကြတဲ့ မျိုးစေ့တွေပါလာပြီး ဒီကျွန်းလေးပေါ်မှာ အခြေချနေထိုင်ရင်း ပျော်ရွှင်တဲ့ဘဝလေးတွေတော့ဖြစ်နေကြပါပြီ။

သူတို့ရွာလေးအမည်ကိုတော့ ပုန်းနေတယ်လို့ကရင်လိုအမည်ရတဲ့ နာမည်လေးပေးထားပါတယ်။ သေသေချာချာ မမှတ်မိတော့ပါဘူး။ စာထဲမှာတော့ ကရင်လူမျိုး ၇ သိန်းလောက်ဟာ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံပေါင်း ၄၈ နိုင်ငံလောက် အထိ ရောက်ရှိနေတယ်လို့ရေးထားပါသေးတယ်။ ကျွန်တော်က ဗမာလူမျိုးပါ။ ဒါပေမယ့် တိုင်းရင်းသားတွေဟာ တစ်မြေ တည်းနေတစ်ရေထဲသောက် ညီရင်းအကိုမောင်ရင်းနှမတွေပါပဲ။ ကျွန်တော်တို့ လမ်းမ,ကောင်းကောင်းကြီးတွေမှာ ကားတွေ ဆိုင်ကယ်တွေမောင်းနှင်သွားလာနိုင်နေတယ်ဆိုရင် သူတို့တွေလည်း ကျွန်တော်တို့လို လမ်းမ,ကောင်းကောင်းကြီးတွေမှာ ကားတွေဆိုင်ကယ်တွေမောင်းနှင်သွားလာနိုင်သင်တယ်မဟုတ်ဘူးလားဗျာ။ ကျွန်တော်တို့ စာသင်ခန်းတွေမှာ အေးအေးချမ်း ချမ်းနဲ့ပညာတွေသင်ကြားနေနိုင်တယ်ဆိုရင်ရော အလားတူသူတို့တွေရော အေးအေးချမ်းချမ်းနဲ့ပညာ တွေသင်ကြားနေ သင့်တာပဲမဟုတ်ဖူးလားဗျာ။

ကျွန်တော်တို့ဆီမှာ လျှပ်စစ်မီးတွေထိန်နေပြီး သူတို့ဆီမှာ မှောင်မဲနေသင့်ပါရဲ့လား။ ကျွန်တော်တို့ လျှပ်စစ်တစ် ယူနစ်ကို ၃၅ ကျပ် ၄၀ ကျပ် ၅၀ ကျပ် နဲ့ သုံးနေကြပြီးသူတို့က တစ်ယူနစ် ၄၀၀ ကျပ်ဆိုတာ ဖြစ်မှမဖြစ်သင့် ပါပဲဗျာ။ တကယ်ပဲ အဲဒီဒေသတွေမှာ ဒီဇယ်နဲ့ မီးထုတ်ပြီးပေးရလို့ဈေးကြီးနေရတာပါဆိုရင်လည်း ကျွန်တော်တို့က မျှပြီးကျခံသင့်တာ မဟုတ်ပါလား။သူ့ထိုက်နဲ့သူ့ကံ ဆိုပြီးပစ်ထားလို့လုံးဝမဖြစ်ပါ။ သူတို့ကို တကယ်ပဲ ကိုယ့်ညီအကိုတွေလို့သဘောမထား နိုင်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့စကား ဘယ်လိုသွားသုံးလို့ရနိုင်ပါ့မလဲ။

ကျွန်တော်ငယ်ငယ်ထဲက ဘဝမှာအေးအေးချမ်းချမ်းနဲ့နေခဲ့ရပါတယ်။ စစ်ဘေးနဲ့ထွက်ပြေးနေရတာတွေ၊ စားဝတ်နေ ရေးအတွက် ပြောင်းရွေ့နေထိုင်ကြရတာတွေ တကယ်မကြားခဲ့ဖူး။မသိခဲ့ဖူးပါ။ ခုခေတ်ကတော့ သတင်းမီဒီယာခေတ်ဖြစ် တော့ ဘယ်မဆို ဘယ်အရပ်ဒေသကမဆို သတင်းတွေ သိချင်သလောက်သိရှိခွင့်လည်းရှိနေကြပါပြီ။ စစ်ဆိုတာ မိဘတွေ ပြောပြလို့ ဒုတိယကမ္ဘာစစ်အတွင်း ဒုက္ခရောက်ရတဲ့အကြောင်းတွေ၊ စာတွေဖတ်၊ရုပ်ရှင်တွေကြည့်ရလို့ ဂျပန်တွေရက်စက်ပုံ တွေ သိရပေမယ့်။ ကိုယ်တွေ့တော့ လုံးဝမကြုံဖူးပါ။ ခုလိုခေတ်ကြီးမှာ စစ်ဘေးဒါဏ်ကြောင့် ထွက်ပြေးနေ ရသူတွေ၊ ထမင်းတစ်နပ်အတွက် ဝေးလံခေါင်သီတဲ့အရပ်ဒေသတွေဆီ ကူးပြောင်းရောက်ရှိသွားကြရသူတွေရဲ့ အကြောင်းကို သိရကြားရတဲ့အခါ စိတ်ထဲအလွန်ပဲထိခိုက်မိရပါတယ်။ ဗုဒ္ဓဘာသာတွေအနေနဲ့ ဝဋ်ဆိုတာလည်တတ်တယ်။ ဘဝဆိုတာ အကြိမ်ကြိမ်သေပြီး၊ အကြိမ်ကြိမ်မွေးဖွားကြရဦးမှာပါ။ ဒီလိုမျိုးဘဝတွေဆီမရောက်သွားနိုင်ပါဘူးလို့ မည်သူကအာမခံပေး နိုင်ပါ့မလဲ။ကိုယ်ကအားကြီးနေတဲ့အခါ အားနည်းနေသူကို သနားညှာတာခြင်းဖြင့် အကူအညီသာပေးစေလိုပါတယ်ဗျာ။

မင်းစိုးနိုင်

MSC-010

Photo – Google

အက်ဒမန်ကျွန်းက ကရင်လူမျိုး | Ecency